Photo credit - DreamHack

Evil Geniuses ကတော့ ပီးခဲ့တဲ့ နာရီပိုင်းလောက်ကပဲ အသင်းရဲ့ offlaner ဖြစ်သူ Ramzes ကို non-inactive player နေရာကိုပို့ခဲ့ပြီပဲ ဖြစ်ပါတယ်။

Ramzes ဟာ EG ကို 2019 ခုနှစ် 9 လပိုင်း 16 ရက်နေ့ထဲက ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး တစ်နှစ်ကျော်အကြာ 2020 ခုနှစ် 11 လပိုင်း 7 ရက်နေ့မှာ inactive roster ကိုပို့ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

ယခု 2020 ခုနှစ်အတွင်းမှာတော့ Ramzes ဟာ Covid 19 ကြောင့် Russia ကနေ EG ရှိရာ United States ကိုသွားရောက်ဖို့ အခက်အခဲတွေရှိတာကြောင့် EG အနေနဲ့လည်း coach ဖြစ်သူ Bulba ကို Ramzes နေရာမှာ အစားထိုးပီး ပြိုင်ပွဲအချို့ကို ဝင်ပြိုင်ခဲ့ရပါတယ်။

အဲ့ဒီနောက်မှာလည်း Ramzes ဟာ EG နဲ့ပြန် join ဖို့အခက်အခဲတွေရှိနေတာကြောင့် အခုလို inactive roster ကိုပို့ခံရဖို့ ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။

ကောလဟာလတစ်ချို့အရတော့ Ramzes ဟာ အရင် Virtus.pro က ex player တွေနဲ့ပေါင်းပြီး CIS မှာ အသင်းသစ်တစ်သင်း ဖွဲ့စည်းဖို့ ကြံနေတယ်လို့လည်း သိရပါတယ်။

သို့ပေမယ့် ဒါဟာ ကောလဟာလအနေနဲ့သာ ရှိသေးတာကြောင့် ဘာတွေဖြစ်လာမလဲဆိုတာကို စောင့်ကြည့်သွားရမှာပါပဲ။

Source - Evil Geniuses twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။