Photo credit - Virtus.pro

CIS region က Esports Organization တစ်ခုဖြစ်တဲ့ Virtus.pro ကတော့ မနေ့က သူတို့ရဲ့ second dota2 team ဖြစ်တဲ့ VP.prodigy ရဲ့ roster update ကိုကြေညာခဲ့ပါတယ်။

Virtus.pro ကြေညာခဲ့တာကတော့ gpk ကို Vp.prodigy ရဲ့ midlaner အဖြစ် officially ခေါ်ယူခဲ့ပြီဆိုတာပဲ ဖြစ်ပါတယ်။

gpk ဟာ CIS က တက်သစ်စ လူငယ် players တွေထဲက skill ကောင်းလွန်းတဲ့ player တစ်ဦးဖြစ်ပီး 11K MMR ကိုလည်းရောက်ရှိထားတဲ့ player တစ်ဦးပဲ ဖြစ်ပါတယ်။

gpk ဟာ ပြီးခဲ့တဲ့ OGA Dota PIT Season 3 တုန်းကလည်း VP.Prodigy ကို stand-in player အဖြစ်လာရောက်ကစားပေးခဲ့ပေမယ့် Grand Final မှာ Team Secret ကို 3:0 နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

အဲ့ဒီနောက်မှာတော့ gpk ဟာ Gambit Esports နဲ့ စာချုပ်သက်တမ်းရှိနေသေးတဲ့အတွက် Gambit ရဲ့ inactive player နေရာမှာရှိနေခဲ့ပြီး စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မှသာ VP.Prodigy ကို officially join လာခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် VP.Prodigy ရဲ့ လက်ရှိ Dota 2 roster ကတော့

Po 1- epileptick1d

Po 2- gpk

Po 3- DM

Po 4- Save-

တို့ဖြစ်ပီး roster ပြည့်စုံဖို့အတွက် po 5 player တစ်ယောက်ခေါ်ယူဖို့ လိုအပ်နေပါသေးတယ်။

Source - Virtus.pro twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။