Photo credit - Vikin.gg twitter

လက်ရှိ Vikin.gg အသင်းရဲ့ mid player Boom ရဲ့ နာမည်အရင်းကတော့ Miroslav Bican ဖြစ်ပြီး သူဟာ Czech Republic နိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။

Boom Dota 2 pro team တွေမှာ စတင်ကစားခဲ့တာကတော့ 2019 ခုနှစ်ကမှာဖြစ်ပြီး PRIES Gaming မှာစတင်ကစားခဲ့တာပဲဖြစ်ပါတယ်။

PRIES Gaming မှာတော့ Boom ဟာ 2019 ခုနှစ် 6 လပိုင်း 5 ရက်နေ့ကနေ 2019 ခုနှစ် 7 လပိုင်း 22 ရက်နေ့ထိ တစ်လကျော်လောက်သာကစားခဲ့ပြီးနောက် ကစားခဲ့ပြီးနောက် ပြန်လည်ထွက်ခွာခဲ့ပါတယ်။

အဲ့ဒီနောက်မှာ 2019 ခုနှစ် 9 လပိုင်းမှာတော့ Boom ဟာ Hippomaniacs ကိုပြောင်းရွှေ့ခဲ့ပြီး 2019 ခုနှစ် 11 လပိုင်း 14 ရက်နေ့မှာ ပြန်လည်ထွက်ခွာခဲ့ပါတယ်။

၎င်းအသင်းက ထွက်ထွက်ပြီးခြင်းမှာပဲ Boom ဟာ SworDDark- ကိုပြောင်းရွှေ့ခဲ့ပြီး 2020 ခုနှစ် 1 လပိုင်း 1 ရက်နေ့မှာ ပြန်လည်ထွက်ခွာပြီး Vikin.gg ကိုပြောင်းရွှေ့လာခဲ့ပြီး ယနေ့ထက်ထိ Vikin.gg မှာကစားနေဆဲပဲဖြစ်ပါတယ်။

Liquipedia မှာပြထားတဲ့ Boom ရဲ့ signature heros တွေကတော့ Invoker , Storm Spirit နဲ့ Shadow Fiend ဆိုပေမယ့် Boom ရဲ့ Queen of Pain ကလည်း တကယ်ကိုကောင်းတဲ့ heos တစ်ကောင်ပဲဖြစ်ပါတယ်။

Boom အနေနဲ့ Vikin.gg နဲ့အတူ Minor 8 ခုမှာ Champion ဖြစ်ထားပြီး ကစားသမားဘ၀ total earnings အနေနဲ့ $13,384 USD ရှိနေပြီပဲဖြစ်ပါတယ်။

Source - liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။