ပရိသတ်တွေအားလုံးသိကြတဲ့အတိုင်း အားကစားဆိုတာဟာ နေရာတိုင်းမှာရှိပါတယ်။ နိုင်ငံတကာအလိုက် ကိုယ်ပိုင်အားကစားတွေနဲ့အတူ ကမ္ဘာကအသိအမှတ်ပြုထားပြီး ဆော့ကစားကြတဲ့ အားကစားပြိုင်ပွဲတွေလဲရှိပါတယ်။ အဲ့အပြင် နိုင်ငံတွေတိုင်းမှာလဲ ထူးထူးဆန်းဆန်းအားကစားတွေရှိတက်ကြပါတယ်။ အဲ့ထဲကမှ England က Toe Wrestling ဆိုတဲ့ ခြေထောက်နပန်းလဲပါဝင်ပါတယ်။ တစ်ကမ္ဘာလုံးကတော့ နပန်းကို လက်နဲ့ဆော့ကြပေမယ့် သူတို့နိုင်ငံမှာတော့ ခြေထောက်နဲ့ဆော့ကြတာမို့ အောက်မှာတော့ ဒီအားကစားနဲ့ပတ်သတ်ပြီး အနည်းငယ် ပြောပြလိုက်ပါတယ်။ 

၁၉၇၀ခုနှစ် England ရဲ့ ကန်းတစ်နေရာမှာ သူငယ်ချင်းအုပ်စုတစ်စုဟာ ခြေထောက်နဲ့ကစားနည်းတစ်ခုကို စတင်ကစားခဲ့ကြပါတယ်။ အဲ့ကစားနည်းကတော့ ခြေထောက်နပန်းပဲဖြစ်ကာ သူတို့သာ မဆော့ခဲ့ရင် ဘယ်သူ့မှ ယနေ့တိုင်ဆော့ကစားခဲ့ကြမှာမဟုတ်ပါဘူး။ The World Toe Wrestling Championship ပြိုင်ပွဲကိုနှစ်စဉ် Derbyshire မှာပြုလုပ်ကျင်းပလေ့ရှိပါတယ်။ နှစ်စဉ် အင်္ဂလန်ကနိုင်လာခဲ့ပေမယ့်လဲ ၃နှစ်မြောက်ပြုလုပ်ကျင်းပတဲ့ပွဲမှာတော့ ဧည့်သည်အသင်းဖြစ်တဲ့ ကနေဒါက သူတွေအနိုင်ရရှိသွားခဲ့ပါတယ်။ သူတို့အနေနဲ့ ဒီ Toe Wrestling ဆိုတဲ့အားကစားကို Olympic ထဲထည့်ဖို့ ပြုလုပ်ခဲ့ကြပေမယ့် ငြင်းပယ်ခံခဲ့ရပါတယ်။ 

သတင်းအရင်းမြစ် Bloggers Arena

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။