Photo credit - liquipedia

ကောလဟာလတွေ ထွက်ရှိပီးတဲ့နောက်မှာတော့ G2 Esports ဟာ သူတို့ရဲ့ cs:go team မှာကစားဖို့အတွက် Niko ကိုတကယ်ပဲ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Niko ဟာ G2 ရဲ့ပြိုင်ဘက် Faze Clan က player တစ်ဦးဖြစ်ပြီး G2 အနေနဲ့လည်း Faze မှာ သုံးနှစ်ခွဲလောက်ဆော့လာတဲ့ Niko ကိုရဖို့ တော်တော်လေးကြိုးစားခဲ့ရပါတယ်။

Niko ဟာ Counter-Strike ကိုဆော့ကစားလာတာကိုးနှစ်လောက်ရှိပြီဖြစ်ပီး experience လည်းတော်တော်ကောင်းတဲ့ player တစ်ဦးပဲ ဖြစ်ပါတယ်။

Niko ရောက်ရှိလာမှုနဲ့အတူ G2 Esports အနေနဲ့လည်း သူတို့ဖယ်ပေးထားရတဲ့ CS:GO world ranking က No.1 နေရာကို ပြန်ရယူနိုင်မလားဆိုကတော့ စောင့်ကြည့်သွားရမှာပါပဲ။

လက်ရှိ G2 Esports ရဲ့ cs:go roster အပြည့်အစုံကတော့

Kenny "⁠kennyS⁠" Schrub

Audric "⁠JaCkz⁠" Jug

François "⁠AmaNEk⁠" Delaunay

Nemanja "⁠nexa⁠" Isaković

Nemanja "⁠huNter-⁠" Kovač

Nikola "⁠NiKo⁠" Kovač

Damien "⁠maLeK⁠" Marcel (coach)

တို့ပဲဖြစ်ပါတယ်။

Source - G2 esports twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။