Mobile Legends မှာဆိုရင် ခုတလော Revamp Hero တွေလာဖို့ရှိသလို ဂိမ်းထဲမှာလဲ အကြမ်းစား Revamp Hero တွေနဲ့ Land Of Dawn တစ်ခွင့် စစ်တိုက်နေကြပါတယ်။ သို့သော် ထွက်ရှိထားပြီးတာ Revamp Hero တွေထဲမှာ Balmond ကိုတော့ အကိုင်နည်းနေကြပါတယ်။ လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲမှာတော့ Balmond ကိုင်ပြီး အကွက်တွေပြသွားတာကိုတော့ ကြည့်လိုက်ရတဲ့သူတိုင်း တွေ့မိမယ်ထင်ပါတယ်။ အဲ့လိုကိုင်ပြသွားတော့ တချို့ Player တွေကိုင်နေကြတာကို တွေ့ရှိရပါတယ်။ တကယ်လဲ Balmond Revamp ကမိုက်ပါတယ်။ 

Revamp ဆိုတာထက် Balmond ကို Buff ပေးလိုက်တာပဲဖြစ်ပါတယ်။ သူကိုအဓိက Buff ပေးလိုက်တာကတော့ Skill 2 Damage နဲ့ သူရဲ့ Passive Skill က Creep တို့ Hero တို့ကိုသတ်ရင် ပြန်ရတဲ့ သွေးကို တိုးပေးလိုက်တာဖြစ်ပါတယ်။ Skill 2 Damage ဟာဆိုရင် အရင် Balmond ရဲ့ Skill 2 ထက် Damage 1 ထောင်ကျော်ကွာပါတယ်။ Item တွေတာထည့်လိုက်ရင် ပိုလို့တောင်ကြမ်းသွားပါပြီ။ Passive ကနေပြန်ရမယ့်သွေးကိုလဲ 4%(Creep), 10%(Hero) ကနေ 5%(Creep), 20%(Hero) ဆိုပြီး Buff ပေးထားလိုက်တာမို့ Battle မှာ သေဖို့ခတ်သွားပါပြီ...Creep တာရှိရင်ပေါ့။ 

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။