Photo credit - T1 facebook page

တောင်ကိုရီးယားနိုင်ငံက dota 2 team တစ်ခုဖြစ်တဲ့ T1 ကတော့ March ကို head coach အဖြစ်ခေါ်ယူခဲ့ပါတယ်။

March ဟာ TNC Predator ကနေ ထွက်ခွာပြီးနောက်မှာ Among Us နဲ့အတူ Dota Summit 13 ကို ဝင်ရောက်ယှဥ်ပြိုင်နေတာကြောင့် ဒီပြိုင်ပွဲပီးမှသာ T1 ရဲ့ camp ကိုရောက်နိုင်ခြေ ရှိပါတယ်။

March ဟာ Fnatic ရဲ့ coach အဖြစ်ကနေ ထွက်ခွာပီး TNC ကိုရောက်လာထဲက player ဘဝကိုပြန်လည်စတင်ခဲ့တာဖြစ်ပီး TNC မှာရော Among Us မှာရော po 5 role ကို ကစားနေတာပဲ ဖြစ်ပါတယ်။

ယခုပြောင်းရွှေ့ခဲ့တဲ့ T1 မှာတော့ March ဟာ coach ဘဝကိုပြန်လည်ပြောင်းရွှေ့သွားမှာဖြစ်ပီး သူတာဝန်ယူရမယ့် T1 ရဲ့ roster ကတော့

Po 2- inYourdreaM

Po 3- Sam_H

Po 4- Jhocam

Po 5- Poloson

တို့ဖြစ်ပီး roster ပြည့်စုံဖို့အတွက် carry player တစ်ယောက်ခေါ်ယူဖို့ လိုအပ်နေပါသေးတယ်။

ဒါ့အပြင် inYourdreaM ကလည်း March နဲ့အတူ Among Us မှာ stand-in ဆော့နေတာဆိုတော့ T1 အနေနဲ့ သူတို့ရဲ့အသင်းကို Dota Summit 13 ပီးမှပဲ သေချာပြန်လည်ပြင်ဆင်သွားဖွယ်ရှိပါတယ်။

Source- T1 facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။