England ဟာ David Beckham, Fish နဲ့ Chips, Big Ben, Red Buses, Black Cabs, Oasis, Blur, The Beatles, London နဲ့ Tea စတာတွေကြောင့် နာမည်ကျော်ကြားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ပြီးတော့ အင်္ဂလန်ရဲ့သမိုင်းအကြောင်းတွေနဲ့ တော်ဝင်မျိုးနွယ်တွေဟာလဲ ကမ္ဘာပေါ်မှာ လူသိများပြီး နာမည်ကျော်ကြားပါတယ်။ ကမ္ဘာ့အကျော်ကြားဆုံး Pop Star တွေဖြစ်ကြတဲ့ the Beatles, the Rolling Stones, David Bowie, Queen, Phil Collins, the Spice Girls နဲ့ Oasis တို့နဲ့လဲ အင်္ဂလန်ဟာ နာမည်ကျော်ပါတယ်။ အဲ့လိုနာမည်ကျော်ကြားတဲ့ အင်္ဂလန်နိုင်ငံက အားကစားတစ်ခုဟာလဲ ယနေ့ခေတ်လူကြိုက်များမယ့်ထဲမှာ ပါဝင်ပါတယ်။  

အဲ့ဒီအားကစားနာမည်ကတော့ Shin Kicking ပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၇ရာစုတုန်းက ကိုယ့်ပြိုင်ဘက်ရဲ့ခြေထောက်ကို ကန်ဖို့ဆိုတာ ယုံကြည်ဖို့ခတ်ခဲပါတယ်။ ဒါပေမယ့်ခုချိန်မှာတော့ ကိုယ့်ပြိုင်ဘက်ခြေထောက်ကို ကန်ရတဲ့ ကစားနည်းရှိနေပါပြီ။ စတင်ပြုလုပ်ခဲ့စဉ်ကတော့ လူတွေဟာအနိုင်ရရှိဖို့အတွက် ဖိနပ်ရှေ့နေရာကိုကိုသံနဲ့ပြုလုပ်ထားပြီး ကန်ကြတာမို့ ဒဏ်ရာတော်တော်များများရရှိကြပါတယ်။ အနိုင်ရတဲ့နည်းကလဲ တစ်ဖက်သူက အော်မှ အနိုင်ရမှာဆိုတော့ နာကျင်အောင်ကန်ကြတာပေါ့။ ယနေ့ချိန်မှာတော့ ပေါ့ပါးတဲ့ဖိနပ်တွေကိုပဲ ဝတ်ဆင်ခိုင်းပြီး ဘောင်းဘီထဲကို အကန်ခံရသက်သာအောင် ကောက်ရိုးတွေထည့်ခွင့်ပဲပေးပါတော့တယ်။ ကစားသူတွေဟာ ပြိုင်ဘက်ကို ၁၀ပွဲမှာ ၆ ပွဲ လဲအောင်ကန်နိုင်ရင်နိုင်ပါပြီ။ ကစားတဲ့အခါမှာလဲ ရန်သူရဲ့ ကော်လံကို သေသေချာချာ ဆုပ်ကိုင်ထားရပါတယ်။ 

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။