ဘောလုံးလောကဟာဆိုရင် ပရိသတ်တွေ အားလုံးသိကြတဲ့အတိုင်း ပြိုင်ဆိုင်မှုပြင်းထန်းကြပါတယ်။ ဘောလုံးအားကစားမှမဟုတ်ပါဘူး...ကျန်တဲ့ နေရာတွေမှာလဲ အပြိုင်အဆိုင်တွေရှိလာတဲ့အခါ တိုက်ခိုက်မှုတွေ ပြင်းထန်လာတက်ပါတယ်။ ဘောလုံးပွဲတွေမှာလဲ အကြိတ်အနယ်ဖြစ်လာတဲ့အခါ ပြိုင်ပွဲဟာ ကြမ်းတမ်းလာတက်ကြပါတယ်။ တစ်ခါတစ်လေကြတော့လဲ ကစားသမားတွေ ကိုယ်တိုင်က ကစားတဲ့နေရာမှာ ကြမ်းတမ်းလေ့ရှိပါတယ်။ တချို့ကြတော့လဲ Skill ရှိပေမယ့် ကစားကြမ်းတက်တာတွေ တွေ့ရတက်ပါတယ်။ အောက်မှာဆိုရင်တော့ ဘောလုံးလောကမှာ တော်တော်ဆိုးခဲ့တဲ့ ဖြစ်ရပ်တွေကို ဖော်ပြလိုက်ပါတယ်။ 

Dave Mackay

ပုံထဲမှာဆိုရင် Dave Mackay ဟာ Billy Bremner ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတာတွေ့မြင်ရမှာပါ။ Mackay ဟာ ဘောလုံးကစားသမားသမိုင်းမှာ အောင်မြင်တဲ့ ကစားသမားတစ်ယောက်အဖြစ်လဲ နာမည်ကြီးသူပါ။ ဒါကြောင့်ဒီပုံဟာ သူရဲ့အောင်မြင်မှုကို နှောင့်နေပေမယ့် ဘောလုံးသမားတွေကတော့ ယနေ့တိုင်သူရဲ့အောင်မြင်မှု ကျွမ်းကျင်မှုတို့ကို လေးစားလျက်ရှိပါတယ်။ သူကိုယ်တိုင်လဲ အဲ့ဒီပုံကိုတွေ့တိုင် မုန်းပါတယ်။

Tommy Smith

လွန်ခဲ့တဲ့ ၄၃နှစ်တုန်းက European Cup ပြိုင်ပွဲဟာ တော်တော်ဆိုးခဲ့ပါတယ်။ အပေါ်ကဖော်ပြထားတဲ့ ပုံလိုပဲ Tommy Smith တစ်ယောက် Inter Milan ကိုရှံးနေတဲ့အချိန် တစ်ဖက်ကစားသမားကို ခြေထောက်နဲ့တက်နင်းခဲ့တာဖြစ်ပါတယ်။  

Roy Keane

ပုံထဲက ဒိုင်လူကြီးလို သင့်အနေနဲ့ဖြစ်ချင်မယ်လို့မထင်ပါဘူး။ မန်ယူမှာ ကစားခဲ့တဲ့ Roy Keane ကိုလဲ ပရိသတ်တော်တော်များများသိမှာပါ။ သူဟာဆိုလဲ Skill ရှိပေမယ့် ကစားတဲ့ပုံစံက ကြမ်းတမ်းပါတယ်။ သူရဲ့ နောက်ထပ်လူသိများတဲ့ဖြစ်ရပ်က Haaland ရဲ့ခြေထောက်ကို ကြောက်ဖို့ကောင်းလောက်အောင် ကန်ခဲ့တဲ့ ဖြစ်ရပ်နဲ့လဲ သိကြပါတယ်။ 

Gennaro Gattuso

ဒီဖြစ်ရပ်ကတော့ ၂၀၁၁ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။ ပရိသတ်ကြီးတွေလဲ သိလိမ့်မယ်လို့ထင်ပါတယ်။ Gattuso တစ်ယောက် Joe Jordan ရဲ့လည်ချောင်းကို ဆုပ်ကိုင်ကာ ခတ်ထန်တဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့တာဖြစ်ပါတယ်။ ပွဲပြီးတဲ့အချိန်မှာလဲ ခေါင်းနဲ့တိုက်ခဲ့ပါတယ်။ 

သတင်းအရင်းမြစ် Bleacher Report

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။