SEA region က tier 2 အဆင့်ရှိ dota 2 team တစ်ခုဖြစ်တဲ့ Execration ကတော့ သူတို့ရဲ့ roster update တစ်ခုကိုကြေညာခဲ့ပါတယ်။
Execration ကြေညာခဲ့တာကတော့ အသင်းရဲ့ supp player BDz နဲ့ တရားဝင်လမ်းခွဲခဲ့ပြီ ဆိုတာပဲ ဖြစ်ပါတယ်။
BDz ကတော့ ပြီးခဲ့တဲ့ 7 လပိုင်း 6 ရက်နေ့ကမှ Execration ကိုရောက်လာခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက် ကစားတာ 3 လလောက်အကြာ မနေ့က 10 လပိုင်း 9 ရက်နေ့မှာ ပြန်လည်ထွက်ခွာသွားခဲ့တာပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် Execration အနေနဲ့ မနေ့က ယှဥ်ပြိုင်ကစားခဲ့တဲ့ Neon Esports နဲ့ပွဲစဥ်မှာ yaha ကို အငှား ခေါ်ယူကစားခဲ့ရပါသေးတယ်။
အဲ့ဒီနောက် ဒီကနေ့ မနက်ပိုင်းလောက်မှာတော့ Execration မှာ yaha ကို stand-in player အဖြစ် ခေါ်ယူခဲ့ပြီ ဖြစ်ကြောင်းကြေညာခဲ့ပါတယ်။
ဒါ့အပြင် အသင်းရဲ့ carry player "Palos" ကလည်း ဒီကနေ့မှာ အသင်းကနေထွက်ခွာသွားပြီ ဖြစ်ကြောင်း ကြေညာခဲ့သလို သူ့နေရာမှာ Ricson ကို stand-in အနေနဲ့ ခေါ်ယူခဲ့ကြောင်းပါ ကြေညာခဲ့ပါတယ်။
ဒါ့ကြောင့် Execration ရဲ့ လက်ရှိ dota 2 roster ကတော့
Po 1- Ricson (stand-in)
Po 2- Ken
Po 3- yaha (stand-in)
Po 4- Raging Potato
Po 5- RR
တို့ပဲဖြစ်ပါတယ်။
Source - Execration facebook page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။