ကမ္ဘာပေါ်မှာ လူတိုင်မလုပ်နိုင်တဲ့အရာတွေကို လုပ်ပြဖို့ဆိုတာမလွယ်ကူးပါဘူး။ ကိုယ်ကိုတိုင်လုပ်နိုင်ရင် သူများတွေလဲ မလုပ်နိုင်ဘူးလို့ သတ်မှတ်လို့မရပါဘူး။ သို့သော်လဲ ကိုယ်ကိုတိုင်သာ လူတိုင်လုပ်နိုင်သည်ဖြစ်စေ မလုပ်နိုင်သည်ဖြစ်စေ ကမ္ဘာ့စံချိန်တာ တင်နိုင်မယ်ဆိုရင်တော့ ကိုယ့်အနေနဲ့ ပျော်ရွှင်ရပါတယ်။ အဲ့ဒီလိုစံချိန်တစ်ခုတင်ပြီး ကမ္ဘာသိအောင်လုပ်ဖို့ဆိုတာကလဲ ကြိုးစားမှဖြစ်မှာပါ။ ခုဆိုလဲ အလွန်လေးလံတဲ့ကားကြီးကိုဆွဲပြသွားပြီး ကမ္ဘာစံချိန်တင်ထားတဲ့ သူကို ဖော်ပြသွားမှာဖြစ်ပါတယ်။  

Photo Credit : Pinterest

၂၀၁၇ခုနှစ်ဇူလိုင်လ ၅ရက်နေ့မှာဆိုရင် Kevin Fast ဟာ ဂင်းနစ်စံချိန်တစ်ခုကို တင်နိုင်ခဲ့ပါတယ်။ သူတင်ထားတဲ့ စံချိန်ကတော့ 99,060 kg (218,389 lbs 14.95 oz) ရှိတဲ့ကားကို ပေ၁၀၀ထိ ဆွဲပြသွားတာဖြစ်ပါတယ်။ အဲ့လောက်လေးတဲ့ကားကို ပေ၁၀၀ထိဆွဲသွားနိုင်ဖို့ဆိုတာ တော်တော်လေးကို အားစိုက်မှပဲရရှိမှာပါ။ အဲ့အပြင်သူဟာသူ့ရဲ့အရင်စံချန်ဖြစ်တဲ့ အလေးချိန် 68,090 kg (150,112 lb 12 oz) ဆွဲနိုင်ခဲ့တဲ့ စံချိန်ကို ပြန်လည်ချိုးနိုင်ခဲ့တာဖြစ်ပါတယ်။ သူ့အသက်ဟာ ခုချိန်မှာ အသက် ၅၁နှစ်ရှိပြီဖြစ်ပါတယ်။

Photo Credit : Pinterest
Photo Credit : Pinterest

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။