ဘောလုံးအားကစားနည်းဟာဆိုရင် ကမ္ဘာပေါ်မှာ မသိတဲ့သူမရှိတဲ့ အားကစားနည်းတစ်ခုဖြစ်ပါတယ်။ ဘောလုံးနဲ့ပတ်သတ်တဲ့ အကြောင်းအရာတချို့ကိုလဲ ပထမပိုင်းမှာ ပြောပြခဲ့ပြီးပြီဖြစ်ကာ ပရိသတ်ကြီးအနေနဲ့လဲ သိရှိပြီးသားဖြစ်မှာပါ။ ဒါကြောင့် ခု ဒုတိယပိုင်းမှာဆိုရင် ဘောလုံးသမိုင်းတစ်လျှောက်မှာ အကောင်းဆုံးလို့သတ်မှတ်နိုင်တဲ့ ကစားသမားတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။
Der Kaiser ဟာဆိုရင် ကမ္ဘာ့ဖလားအနိုင်ရဖို့အတွက် အသင်းကပ္ပတိန်နဲ့ ကစားကွက်ကို သူ့သဘောနဲ့သူပြောင်းလဲခဲ့တဲ့ တစ်ယောက်ထဲသောသူဖြစ်ပါတယ်။ ၁၉၇၀ အစောပိုင်းမှာ ဂျာမန်အသင်းအတွက်သူဟာ ကစားနေတုန်း သူရဲ့ကစားကွက်ကို အလယ်တန်းကနေ နောက်တန်းထိဆင်းပြီး Attacking Sweeper Role အဖြစ်ပြောင်းလဲပြီးနောက်မှာတော့ ဘောလုံးတွေကိုဖြတ်ထုတ်ရင်း Counter ဖို့အတွက် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။။ သူရဲ့အကောင်းဆုံးနှစ်တော့ Bayern Munich နဲ့အတူ Bundesliga ကို ၅ကြိမ်အနိုင်ရခဲ့ပြီး European Cups ၃ ကြိမ်ရရှိခဲ့တဲ့အချိန်ပဲဖြစ်ပါတယ်။ New York Cosmos Club မှာလဲ သူဟာ Pele နဲ့အတူ ဘောလုံးသမားလောကကို ဖြတ်သန်းခဲ့ပါသေးတယ်။
၁၉၆၀ ခုနှစ်နဲ့ ၁၉၇၀ ခုနှစ်တွေမှာ Ajax အသင်း နဲ့ Barcelona အသင်းတို့ရဲ့ အကောင်းဆုံးကစားသမားဖြစ်ခဲ့ပြီး ယနေ့ချိန်ထိ ဥရောပရဲ့ အကောင်းဆုံး ကစားသမားတွေထဲကတစ်ယောက်အဖြစ်လဲ သတ်မှတ်ခံရတဲ့သူကတော့ Cruyff ပဲဖြစ်ပါတယ်။ သူနာမည်ကြီးရတဲ့အကြောင်းအရင်းကတော့ တစ်ဖက်သူကို လိမ်နိုင်ခေါက်နိုင်တဲ့ Ability ကြောင့်ပါပဲ။ အရင်အချိန်တွေတုန်းက တစ်ဖက်ရန်သူကို မူးအောင်လုပ်နိုင်တဲ့သူက လက်ချိုးရေလို့ရတယ်ဆိုတော့ သူ့အနေနဲ့ နာမည်ကြီးရတဲ့အကြောင်းအရင်းဖြစ်လာခဲ့ပါတယ်။ ဘောလုံးကစားတဲ့နေရာမှာလဲ ကျွမ်းကျင်တဲ့သူဖြစ်ပါတယ်။ Ballon D'Ors ဆုကို ၃ကြိမ်, Dutch Soccer League ဖြစ်တဲ့ Eredivisie မှာ ၈ကြိမ် အနိုင်ရရှိခဲ့ပြီး European Cups ၃ ခုကိုလဲရရှိခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။
Dribblers တွေထဲမှာအကောင်းဆုံးကစားသမားတွေကို ပြောပါဆိုရင် Maradona ကတော့မပါမဖြစ်ပါပဲ။ သူရဲ့ဘောလုံးပေးပို့မှု တစ်ဖက်ကစားသမားကိုလှည့်ကွက်နဲ့ ဂိုးသမားကိုပါ ကျော်ပြီး ဂိုးသွင်းနိုင်တဲ့ စကေးတွေက သူရဲ့ကျွမ်းကျင်မှုဘယ်လောက်ရှိကြောင်းကို ဖော်ပြနေပါတယ်။ ဘောလုံးလောကသားတွေလဲ သူ့ကိုမသိတဲ့သူမရှိလောက်အောင်ပါပဲ။ အဲ့အပြင် ၁၉၈၆တုန်းက အာဂျင်တီးနားနဲ့ အင်္ဂလန်တွေ့ခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်ကိုလဲ မေ့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ သူဟာအဲ့ဒီပွဲစဉ်မှာ လက်နဲ့ဂိုးသွင်းခဲ့လို့ " Hand Of God " ဆိုပြီး ယနေ့တိုင် လူသိများနေခဲ့ပါတယ်။
နောက်ထပ် အာဂျင်တီးနားက နာမည်ကြီးတဲ့ကစားသမားကတော့ Messi ပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ သူကိုမသိတဲ့သူ မရှိလောက်အောင်ပဲ။ ယနေ့တိုင် ကစားပုံစွမ်းဆောင်ရည် မကျသေးတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ အသက် ၁၃နှစ်နဲ့ Barcelona အသင်းမှာ ရှိနေခဲ့ပြီး ယနေ့တိုင် Barcelona မှာကစားနေတုန်းပါပဲ။ 2012 မှာဆိုရင် Gerd Muller ရဲ့ဂိုးအများဆုံးသွင်းတဲ့ စံချန်ကိုလဲ ချိုးနိုင်ခဲ့ပါတယ်။
ဘောလုံးသမိုင်းမှာ Edson Arantes do Nascimento ဆိုတဲ့ Pele ဟာ မပါမဖြစ် အကောင်းဆုံး ကစားသမားနေရာတော်တော်များများမှာ ပါဝင်တဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။။ သူ့ရဲ့အောင်မြင်မှုကိုလဲ ဘယ်သူမှ လိုက်မမှီနိုင်လောက်အောင် ကျော်ကြားတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး Pele ဟာ 1958, 1962 နဲ့ 1970 တို့မှာ World Cup ကိုအနိုင်ရရှိခဲ့ဖူးပါတယ်။ ကစားသမားသက်တမ်းတစ်လျှောက် Official သွင်းဂိုးပေါင်း ၇၆၀ ရှိခဲ့ပါတယ်။ သူ့အကြောင်းနဲ့ပတ်သတ်ပြီးတော့ ရုပ်ရှင် နဲ့ စာအုပ်တွေလဲ ထွက်ရှိထားပါတယ်။
သတင်းအရင်းမြစ် Liveabout
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။