Photo credit - Team Liquid twitter

North America region က esports organization တစ်ခုဖြစ်တဲ့ Team Liquid ကတော့ သူတို့အနေနဲ့ Asa Butterfied နဲ့စာချုပ် ချုပ်ဆိုခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

Asa Butterfield ကတော့ ​ဟောလိဝုဒ်က မင်းသားတစ်ယောက်ဖြစ်ပြီး Netfix ကလွှင့်ပီး ကမ္ဘာကျော်ခဲ့တဲ့ Sex Education မှာ ပါဝင်သရုပ်ဆောင်ခဲ့သူ တစ်ဦးပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ Asa Butterfield ဟာ esports ဘက်ကို ခြေစလှမ်းလာခဲ့ပြီ ဖြစ်ပြီး Team Liquid နဲ့ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

သို့ပေမယ့် Team Liquid ဘက်ကတော့ ဒီစာချုပ်နဲ့ ပတ်သတ်တဲ့ အသေးစိတ်အချက်အလက်တွေကို ပြောပြချင်းမရှိသလို Asa ဟာဘာ role နဲ့ organization ကိုရောက်လာလဲဆိုတာကိုလည်း မပြောပြသေးပါဘူး။

Asa ကတော့ သူ့ရဲ့ twitch channel မှာ Dota နဲ့ Super Smash Bros games တွေကို stream တာတော့တွေ့ရပေမယ့် Team Liquid ကို ဘာ့ကြောင့် ရောက်လာသလဲဆိုတာကတော့ သေချာမသိရှိရသေးပါဘူး။

Source - Team Liquid twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။