One Championship middle ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ လုပွဲအဖြစ်ထိုးသတ်ကြမယ့် အောင်လအန်ဆန် နဲ့ နယ်သာလန်နိုင်ငံသား ဒီရစ်ဒါ တို့ပွဲစဥ်ကတော့ လာမယ့် အောက်တိုဘာလ 30 ရက်နေ့မှာ ကျင်းပပြုလုပ်တော့မှာပဲ ဖြစ်ပါတယ်။

ဒီပွဲစဥ်ဟာ အောက်တိုဘာလ 30 ရက်နေ့မှာ Inside The Matrix နာမည်နဲ့ One Champion ကကျင်းပတဲ့ ပြိုင်ပွဲထဲမှာ ပါဝင်လာမှာပဲ ဖြစ်ပါတယ်။

Photo credit - One Championship

အောင်လအန်ဆန်းဟာ လက်ရှိမှာ One Championship ရဲ့ Middleweight နဲ့ Light Heavyweight ဝိတ်တန်းနှစ်ခု champion ဖြစ်ပြီး ယခုထိုးသတ်မယ့် ပွဲစဥ်ဟာ middle ဝိတ်တန်း champion ဆုကိုကာကွယ်ရမယ့် ပွဲစဥ်တစ်ပွဲ ပဲ ဖြစ်ပါတယ်။

အောင်လဟာ middle ဝိတ်တန်း champion ကာကွယ်ပွဲကို ပြီးခဲ့တဲ့ 2019 ခုနှစ် 3 လပိုင်းက ဒီရစ်ဒါနဲ့ နောက်ဆုံးထိုးသတ်ခဲ့ပြီး အနိုင်ရရှိထားပါတယ်။

အဲ့ဒီနောက် တစ်နှစ်ခွဲလောက်အကြာ ယခု 2020 ခုနှစ် 10 လပိုင်းမှာမှ စိန်ခေါ်သူ နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနဲ့ ထိုးသတ်သွားမှာပဲ ဖြစ်ပါတယ်။

Photo credit - One Championship

ယခုအောင်လထိုးသတ်ရမယ့် middle ဝိတ်တန်း champion ကာကွယ်ပွဲဟာ အောင်လအတွက် ငါးပွဲမြောက် ကာကွယ်ပွဲဖြစ်ပြီး ပြီးခဲ့တဲ့ လေးပွဲလုံး အနိုင်ရရှိထားပါတယ်။

မြန်မာ့စပါးအုံးမြွေကြီးလို့ တင်စားခံရတဲ့ အောင်လအန်ဆန်းရဲ့ champion ကာကွယ်ပွဲကြီးကို တနိုင်ငံလုံးက ပရိသတ်တွေ အတူအားပေးကြမယ်မလား။

အောင်လအတွက် အာပေးစကားတွေလည်း ပြောသွားပေးကြဦးနော်။

Photo credit - One Championship

Source- One Championship

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။