မြန်မာ့လက်ရွေးစင်အသင်း နိုဝင်ဘာဒုတိယပတ်၌ နိုင်ငံတကာခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်

မြန်မာ့လက်ရွေးစင်အသင်းသည် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲမတိုင်မီ နိုဝင်ဘာဒုတိယအပတ်၌ နိုင်ငံတကာခြေစမ်းပွဲတစ်ပွဲ ယှဉ်ပြိုင်ကစားရန် စီစဉ်ထားကြောင်းသိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ယင်းခြေစမ်းပွဲအတွက် ကနေဒါနှင့် ဟေတီအသင်းတို့ကို ယှဉ်ပြိုင်ကစားရန် ဖိတ်ကြားခဲ့သော်လည်း ညှိနှိုင်းမှုအဆင်မပြေခဲ့သောကြောင့် အာရှဒေသအတွင်းမှ နာမည်ကြီးအသင်းတစ်သင်းကို ထပ်မံကမ်းလှမ်းထားပြီး နောက်ဆုံးအဆင့်ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်။ လက်ရှိတွင် မြန်မာ့လက်ရွေးစင်အသင်းသည် ဥရောပ၌ ခြေစမ်းကစားပွဲများယှဉ်ပြိုင်ကစားလျက်ရှိရာ ကစားပွဲရှစ်ပွဲတွင် လေးပွဲနိုင် နှစ်ပွဲသရေ နှစ်ပွဲရှုံးနိမ့်ခဲ့ပြီး တစ်လကျော်ကြာမြင့်ခဲ့သည်။

Source: Local Sports News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။