နည်းပညာတွေတဖြည်းဖြည်းတိုးတက်လာတာနဲ့အမျှ ကမ႓ာတစ်ဝန်းမှာရှိတဲ့ ကိုယ်နဲ့ ဝေးကွာနေတဲ့သူတွေကို အချိန်မရွေးဆက်သွယ်နိုင်ဖို့ကြိုးစားလာကြပါတယ်။ ဒါပေမယ့် ကိုယ်ချစ်နေတဲ့သူကဘေးနားမှာ လာထိုင်နေတယ် လို့ ခံစားရအောင် ဘယ်အရာမှ မစွမ်းဆောင်နိုင်သေးပါဘူး။

သမီးရည်းစား၊ ချစ်သူစုံတွဲ တွေအနေနဲ့ တစ်ဖက်သူ က ကိုယ်နဲ့အဝေးတစ်နေရာရောက်နေရင် ဘယ်လောက်ထိခံစားရလဲ၊ ဘယ်လောက်ထိနေရထိုင်ရခတ်လဲဆိုတာ LDRS ကို ကြုံဘူးသူတိုင်းသိမှာပါ။

ထိုစုံတွဲ တွေအတွက် ဒီလက်စွပ်က တော့ သတင်းကောင်းတစ်ခုဖြစ်မှာပါ။ TheTouch ဆိုတဲ့ ကုမ္ပဏီက ထုတ်လုပ်လိုက်တဲ့ 'HB rings' ဆိုတဲ့ လက်စွပ်ဟာ သင့်ချစ်သူဘယ်နေရာပဲရောက်ရောက် သူ့ရဲ့နှလုံးခုန်သံကို အချိန်နဲ့အမှီ ခံစားသိရှိနိုင်အောင် အထူးပြုလုပ်ထားတာပါ။ အဲ့တော့ သူ့နှလုံခုန်သံကို သိနေတဲ့အတွက် သင်စိတ်ချလက်ချနဲ့ နေလို့ရပြီး အမြဲ စိတ်ပူနေရတဲ့ ဒုက္ခကလဲ ကင်းလွတ်မှာပါ။

သမီးရည်းစားတွေအတွက်နေ့စဉ်နေ့တိုင်း ထိတွေ့ ဆက်ဆံမှုက relationship တစ်ခုကို အများကြီးအထောက်အကူပြုပါတယ်။ LDRS တွေရဲ့ ဒုက္ခတွေထဲမှာ ကိုယ်ချစ်တဲ့သူနဲ့ ထိချင်တိုင်းထိ တွေ့ချင်တိုင်း တွေ့ လို့ မရတာကလဲ တကယ့်ကို ခံရခတ်တဲ့ ဒုက္ခပါ။ ဘယ်သူမဆို ကိုယ်ချစ်တဲ့သူရဲ့ ထိတွေ့မှုကို ခံစားချင်မှာပဲလေ အဲ့တော့ ထိုသူတွေအတွက် အပြင်မှာတကယ်မတွေ့ရတောင် ကိုယ့်ချစ်သူ နှလုံးခုန်သံလေးကို ခံစားရင်းနဲ့ ဖြေဖျောက်နိုင်တာပေါ့နော်။

လက်စွပ်ကို အသုံးပြုပုံကလဲ တကယ့် ကို ရိုးရှင်းပါတယ်။ ပုံတွင်ပြထားတဲ့အတိုင်း လက်စွပ်ကို ထိလိုက်လို့ အနီရောင်အတန်းလေး မှိတ်တုပ် မှိတ်တုပ်ဖြစ်သွားပြီဆိုတာနဲ့ တစ်ဖက် လက်စွပ်စီရောက်သွားမှာပါ။

Rose Gold (ရွှေကို ကြေးများများရောပြီးကြိုထားတဲ့ ပန်းရောင်ရွှေ) နဲ့ stainless steel (စွန်းထင်းခြင်းမရှိသော စတီး) ကို လက်စွပ်ပြုလုပ်ရာတွင် အသုံးပြုထားပြီး လက်စွပ်အပြင်ကိုတော့ Sapphire crystal ကို အသုံးပြုထားတဲ့ အတွက် တစ်ခုခုနဲ့ခြစ်မိရင်တောင် ခြစ်ရာထင်မှာမဟုတ်ပါ။ ထိုကဲ့သို ကောင်းမွန်တဲ့ သတ္ထုတွေကို အသုံးပြုပြီးသေသေချာချာ ပြုလုပ်ထားတယ်လို့လဲ သိရပါတယ်။ သင်လက်နဲ့ တစ်ချက်ထိလိုက်ရုံနဲ့ တခြားတစ်နေရာမှာရောက်နေတဲ့ သင့်ချစ်ချစ်ရဲ့ နှလုံးခုန်သံကို ခံစားရမှာဆိုတော့ ကြည်နူးဖို့မကောင်းဘူးလား?

translated by Anna

Source: higherperspective

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။