မိဘ နှင့် သားသမီးကြားမှာ ၅၂၈ မေတ္တာနှင့်ချည်နှောင်ထားတဲ့ ကြိုးဟာ အလွန်ကိုခိုင်မာပါတယ်။ မိဘတွေအနေ နှင့် ကိုယ့်သားသမီးက ဒုက္ခတစ်ခုခုကျရောက်နေမယ်ဆိုရင် ထပ်တူထပ်မျှဝမ်းနည်းပူဆွေးတာ ဓမ္မတာပါ။ ဆေးမှုနှင့် အဖမ်းခံရတဲ့မိုးအောင်ရင်အတွက် ဖခင်ဖြစ်သူ အောင်ရင်ရဲ့ ခံစားချက်ကတော့....

မကြာခင်မှာ တကိုယ်တော်ရှိုးလုပ်ဖို့ပြင်ဆင်နေတဲ့ အောင်ရင်ဟာ သတင်းစာရှင်းလင်းပွဲမှာ သားဖြစ်သူအောင်ရင်အတွက် ယခုလိုဘဲပြောကြားသွားပါတယ်။

'ကျွန်တော်တို့မိသားစု လေးယောက်ရှိတယ်။ ဖြစ်နိုင်ရင်တော့တူတူနေချင်တာပေါ့ဗျာ။ ဒါပေမယ့် အကြောင်းမဖန်တော့ အတူတူမနေရဘူး။ သူအခုလိုဖြစ်သွားတော့ ကျွန်တော်အဖေတစ်ယောက်အနေနဲ့ တော်တော်ခံစားရတယ်။ ကျွန်တော်သူ့အတွက်ဘာလုပ်ပေးနိုင်လဲဆိုတော့ ထောင်ဝင်စာသွားတွေ့တယ်။ သူစားချင်တာလေးတွေ ဝယ်ကျွေးတယ်။ ကျွန်တော်ဒါဘဲတက်နိုင်ပါတယ်ဗျာ။ ဘာဘဲဖြစ်ဖြစ် တရားဥပဒေရဲ့ အဆုံးအဖြတ်ကို ခံယူရမှာပေါ့ဗျာ'ဆို ပြီး မျက်ရည်များတစစ နှင့်ပြောသွားပါတယ်။

ကိုယ့်သားသမီးတစ်ယောက်ဒီလို အခတ်အခဲမျိုးနှင့်ကြုံတွေ့နေရရင် ဘယ်မိဘ က ပျော်နိုင်မလဲနော်..... ပရိသတ်တွေကလဲ ခံစားနေရတဲ့ အောင်ရင်ကို ဝိုင်းပြီး ဂရုဏာပြုခဲ့ကြပါတယ်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။