အနုပညာလောကထဲကို ခက်ခက်ခဲခဲဝင်ရောက်လာတဲ့ ဇေရဲထက်

"ကွမ်းစားတတ်တဲ့ ကောင်မလေး" ဆိုတဲ့ ဇာတ်ကားနဲ့ ပရိသတ်

စတင်သတိထားမိလာတဲ့ သရုပ်ဆောင်ဇေရဲထက်ဟာဆိုရင်ဖြင့် ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ မင်းသားတစ်ဦးဖြစ်ပါတယ်။ ဇေရဲထက်ဟာ မြန်မာရုပ်ရှင်ဗီဒီယို ဇာတ်ကားများစွာ ရိုက်ကူးထွက်ရှိထားပြီး "ကျွန်တော် ကျွန်မ ယောက်ျား ဗိုက်ကြီးသယ်" ဆိုသော ရုပ်ရှင်ကားကြီးတွင် ရွှေမှုန်ရတီနှင့်အတူ အဓိကဇာတ်ဆောင်မင်းသားနေရာမှ ပါဝင်ထားသည်။ သူ့ရဲ့ အနုပညာဘဝအကြောင်းနဲ့ပတ်သတ်ပြီးတော့ ဇေရဲထက်က "သူများတွေက ကျွန်တော့်ကို အနုပညာလမ်းကြောင်းကို လွယ်လွယ်လေးနဲ့ဖြတ်သန်းခဲ့ရတယ်လို့ပဲထင်ကြတယ်။ အနုပညာလောကထဲ ကျွန်တော်ဝင်လာတာ ၉ နှစ်ရှိသွားပါပြီ။ကျွန်တော်ဆိုပိုဆိုးတာပေါ့။ ရန်ကုန်မှာ ဆွေမျိုးသားချင်းလည်းမရှိ အပေါင်းအသင်းလည်းမရှိခဲ့ဘူး။ မိဘတွေကလည်း အားပေးအားမြှောက်မရှိခဲ့ဘူး။ ကျွန်တော်ပိုက်ဆံ ၂၀၀ တည်းနဲ့ နေခဲ့ရတဲ့ရက်တွေလည်း ရှိခဲ့ဖူးပါတယ်။ ကျွန်တော်ရဲ့ စစ်မှန်တဲ့ ကြိုးစားမှုရယ် စိတ်ဓာတ်နဲ့ ကုသိုလ်ကံတွေကြောင့် ဒီနေရာကို ရောက်လာတာပါ။ ကျွန်တော့်ကို ဒီလောကထဲခေါ်ဆောင်လာပေးတာက ဒါရိုက်တာသမီးမြတ်ကျော်ပါ။ ဒီလိုနဲ့ သံလွင်ထုတ်လုပ်ရေးကနေ မင်းသားတင်ရိုက်ကူးရင်းကနေ ကျွန်တော့အနုပညာ ဘဝစတင်ခဲ့တာပါ။" လို့ သူ့ဘဝအစက အဖြစ်အပျက်တစ်ချို့ကိုပြောပြခဲ့ပါတယ်။

သူ့မိသားစုနှင့်ပတ်သတ်ပြီးတော့ ဇေရဲထက်က " ကျွန်တော်က မိသားစုမှာ သားအကြီးဆုံးပါ။ ကျွန်တော့မှာ မောင်နှမတွေရှိသေးတယ်။အဲ့ဒီတော့ ကျွန်တော့်အနေနဲ့ သူတို့တွေကို စိတ်ချပြီးမှ အိမ်ထောင်ရေးနဲ့ပတ်သတ်ပြီး စဉ်းစားမယ်။ ကျွန်တော် ဆယ်ကျော်သက်ဘဝတုန်းကတော့ အချစ်ကိုကိုးကွယ်ခဲ့ဖူးတယ်။ အခုလည်းချစ်ချင်တယ်။ အချစ်တွေဘာတွေ တွေ့ချင်တယ်။ ဒါပေမဲ့ ကြောက်လည်းကြောက်တယ်။ ပူလောင်တယ်လို့လည်း ခံစားရတယ်။" လို့ ပြောပါတယ်။

Source: Google

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။