ဌာနများတွင် အလုပ်ရမည်ဟုပြောဆိုကာ ဝန်ကြီးဌာန စာရွက်စာတမ်း

တံဆိပ်တုံး အတုများဖြင့် ငွေလိမ်လည်ပေးဆောင်ခိုင်းသူများရှိ

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဆော မြို့နယ် အကြည်ကတင်းရွာနေ အမျိုး သမီးတစ်ဦးက ¤င်းအပါအဝင် ဆော မြို့နယ်ရှိ ကျေးရွာများမှ လူကိုးဦးအား ဌာနများတွင် အလုပ်ရမည်ပြောဆိုပြီး ၄င်းတို့ထံမှ ငွေကျပ် ၁၃၁ သိန်းအား တံဆိပ်တုံး၊ စာရွက်စာတမ်းများဖြင့် ငွေပေးဆောင်ခိုင်းကာ လိမ်လည်သွား သောလူငါးဦးအား အောက်တိုဘာ ၉ ရက်တွင် တိုင်ကြားအမှုဖွင့်ထားကြောင်း ဆောမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၁၁ နာရီက အကြည်ကတင်းရွာနေ မဝင်းဝင်းမော် (၂ရနှစ်)သည် အလုပ် အကိုင် ရရှိလိုသဖြင့် တစ်ရွာတည်းနေ ကြာမြင့် (၃၅နှစ်)နှင့် ဆက်သွယ်ရာ ငွေ$ကျပ် ၁၇ သိန်းပေးပါက သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စည်ပင်ဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လဝကဌာနများ တွင် အလုပ်အကိုင်ရရှိမည်ပြောသဖြင့် မဝင်းဝင်းမော် အပါအဝင် ဆောမြို့နယ်ရှိ ကျေးရွာများမှ မသန်းသန်းမော်၊ မဇင်မာ လွင်၊ မမြင့်ဌေးကြည်၊ မနွယ်နွယ်ထွန်း၊ မကေမိုးခိုင်၊ မောင်မြင့်မိုး၊ မောင်ပြည့်ဖြိုး မောင်နှင့် မနှင်းဝေလှိုင်တို့ ကိုးဦးတို့က စုစုပေါင်း ငွေကျပ် ၁၃၁ သိန်း$ကို ကြာမြင့်၊ ဝင်းတင့် (၆၅ နှစ်) ယခင်မှုခင်း ရှုထောင့်မီဒီယာ၊ ကျောက် ပန်းတောင်းမြို့ (စုံစမ်းဆဲ)၊ မြင့်သိန်း(၄၅နှစ်) ညွှန်မှူး (သာသနာရေးဝန်ကြီးဌာန မှဟုပြော)(စုံစမ်းဆဲ)၊ သန်းထွေး စာရေး(သာသနာ ရေးဝန်ကြီးဌာနဟု ပြော)(စုံစမ်းဆဲ)နှင့် မကြူကြူခိုင်(၃ရနှစ်) နေပြည်တော် (စုံစမ်းဆဲ)တို့ ငါးဦးနှင့်အတူ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန စာရွက် စာတမ်း၊ တံဆိပ်တုံးများ အသုံးပြု၍ ကျောက်ပန်းတောင်း၊ ချောက်၊ ဆိပ်ဖြူ၊ နေပြည်တော်သို့ သွားရောက်ပေး ဆောင်စေခဲ့ခြင်းဖြစ်ကြောင်း တရားလို၏ တိုင်ကြားချက်အရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အလုပ်မရရှိ ဘဲ စာရွက်စာတမ်း၊ တံဆိပ်တုံးအတုများ ဖြင့် ငွေပေးဆောင်ခိုင်းကာ ငွေများအား လိမ်လည်ယူသွားသူ ကြာမြင့်၊ ဝင်းတင့်၊ မြင့်သိန်း၊ သန်းထွေးနှင့် မကြူကြူခိုင် တို့ငါးဦးအား အရေးယူပေးရန် မဝင်းဝင်း မော်က အောက်တိုဘာ ၉ ရက်တွင် တရား လိုပြုတိုင်ကြား ခဲ့သောကြောင့် ဆော မြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။

ဆောမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသောင်းထိုက်က ''ဝင်းတင့်ကတော့ မှုခင်းရှုထောင့်က ထုတ်ထားသူလို့ သိရ တယ်။ ကြာမြင့်ကတော့ ဆောမြို့မှာ အခု နှစ် မေလပိုင်းက မှုခင်းရှုထောင့်မီဒီယာရုံးဖွင့်ခဲ့တယ်။ အခုတော့ပိတ်ထားတယ်။ ပုံစံက တံဆိပ်တုံး၊ စာရွက်စာတမ်းတွေ နဲ့ရုံးတွေခေါ်ပြီး ငွေပေးသွင်းတဲ့ပုံစံမျိုးနဲ့ လိမ်သွားတာ။ ဒီအမှုနဲ့ပတ်သက်ပြီး သူတို့ငွေလိုက်ပေးဆောင်ခဲ့တဲ့ ရုံးတွေကို လိုက်စုံစမ်းဖို့ အထက်တင်ပြထားပါ တယ်''ဟု ပြောကြားသည်။

Credit : MOI WebPortal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။