အင်တာဗျူးတစ်ခုမှာ အချစ်ရေးနှင့်ပတ်သက်လို့ နဖြေဘူးပါဘူးလို ပြောထားပြီး သူမ ချစ်သူမရှိတော့ကြောင်း တိုင်းသိပြည်သိကြေငြာခဲ့တဲ့အတွက် သင်ဇာနွယ်ဝင်းရဲ့ ချစ်သူဟာ ဘယ်သူလဲလို့စိတ်ဝင်စားနေတဲ့သူတွေအတွက်.....

ရဲရင့်အောင်ပရိသတ်တွေတော်တော်များများတော့သိကြမှာပါ။ သင်ဇာနွယ်ဝင်းနှင့် ရဲရင့်အောင်ကြိုက်နေတာတော်တော်ကြာပြီဆိုတာ။ နာမည်ကြီး အဆိုတော်တစ်ယောက်အနေ နှင့်ရော မင်းသမီးဘက်ကပါ တရားဝင်ဘာမှ မပြောထားဘဲ ငြင်းနေကြသော်လည်း သင်ဇာနွယ်ဝင်းတစ်ယောက်ဟာ ရဲ့ရင့်အောင်ရဲ့ ပုံတွေကို သူမ မပါဘဲ သူမရဲ့ Instagram အကောင့်မှာတင်ခဲ့ပါတယ်။

အဲ့ဒီတော့ ပရိသတ်တွေ သံသယရှိနေတဲ့ သူတို့နှစ်ယောက်အတွဲဟာ ဘူးပေါ်သလိုပေါ်သွားတာကိုတော့ သူမ သတိထားမိမယ် မထင်ပါဘူး။

ထိုကဲ့သို့တင်ခြင်းကဘဲ သူတို့နှစ်ယောက် ချစ်သူတွေဖြစ်ခဲ့တယ်ဆိုတာ သက်သေပြသလို သိပ်မကြာခင်ကမှ တင်ထားတဲ့အတွက်ပြတ်သွားပြီဆိုတဲ့ရည်းစားကလည်း ရဲရင့်အောင်ပါဘဲ။

အချစ်တွေပိုပြီး တင်ခဲ့ပြီးမှ ဘာလို့ အခုမှ ကွဲပြဲကြသလဲ ဆိုတာကိုတော့ ကာယကံရှင်တွေဘဲ သိနိုင်ပါလိမ့်မယ်။

ဒါနဲ့လေ မသိလို့မေးရဦးမယ်။ မြန်မာပြည်က မင်းသမီးတွေက သူတို့ရည်းစားရှိနေတုန်းကြတော့ လူသိမခံဘဲ ပြတ်သွားတော့ မှ သတင်းထဲမှာထည့်ပြောလဲဆိုတာကိုစဉ်းစားလို့မရဘူး။ ပြီးရင် အနုပညာအလုပ်တွေဘဲ အာရုံစိုက်ပြီး လုပ်သွားပါတော့မယ်တို့ အလုပ်တွေ ပို လုပ်တော့ မယ် လို့ တော်တော်ပြောကြတာဘဲနော်။ သူတို့ဘဲတွေက အလုပ်မလုပ်ခိုင်းဘဲ ငုတ်တုပ်ထိုင်ခိုင်းထားတာဆိုတော့လေ.... ?

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။