ဒီကလေးလေးနာမည်ကတော့ အိုမရန်လို့ခေါ်ပြီး ဆီးရီးယားနိုင်ငံ၊ အလက်ပိုမြို့ရဲ့ အရှေ့ပိုင်းရပ်ကွက်မှာနေပါတယ်။ အိုမရန်နဲ့ သူ့မိသားစုဟာ အလက်ပိုမြို့ လေကြောင်းတိုက်ခိုက်မှုကိုခံခဲ့ရတာဖြစ်ပြီး သူ့မိဘတွေနဲ့ဝေးကွာခဲ့ရသလို ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။

ပုံထဲမှာဆို သူဟာ ဖုန်အလိမ်းလိမ်းပေကျံပြီး သွေးတွေက ကလေးတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာ မြင်မကောင်းအောင်ပေကျံနေပါတယ်။ အိုမရန်လေးဟာ အရမ်းထိတ်လန့်တုန်လှုပ်သွားတာလား၊ ဘာဖြစ်သွားမှန်းမသိအောင် အသိစိတ်လွတ်ကင်းသွားတာလား ဆိုတာကိုပြောမပြတတ်အောင် ထိုင်ခုံမှာ ငြိမ်ငြိမ်လေးထိုင်နေပါတယ်။ သူ့ခေါင်းပေါ်ကသွေးတွေကို လက်သေးသေးလေးတွေနဲ့သုတ်ကြည့်ပြီး လက်နှစ်ဖက်ကို ပေါင်ပေါ်မှာပြန်တင်ပြီး ငြိမ်ငြိမ်လေးပဲထိုင်နေတော့ပါတယ်။

ရှေ့က တစ်ဖျတ်ဖျတ်ရိုက်နေတဲ့ ကင်မရာတွေကို သူစိတ်မဝင်စားပါဘူး။ သူ့စိတ်ထဲမှာ သူ့မိသားစုကို သတိရကောင်းရနေပါလိမ့်မယ်။ သူ့ဒဏ်ရာကိုသုတ်ပေးမယ့် မေမေ၊ ဆေးထည့်ပေးမယ့် ဖေဖေ၊ နှစ်သိမ့်ပေးမယ့် ကိုကိုမမတွေကို သူသတိရချင်ရနေပါလိမ့်မယ်။ ဒီကလေးလေးစိတ်ထဲမှာ ဘာတွေးနေလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။ ဒါဟာ ကမ္ဘာကြီးကို စစ်ပွဲရဲ့နောက်ဆက်တွဲအရာကို ရှင်းရှင်းလင်းလင်းပြသလိုက်သလိုပါပဲ။ နှလုံးသားနဲ့ခံစားသူတိုင်းကို အိုမရန်လေးအတွက် ဆုတောင်းပေးကြပါလို့ပဲပြောချင်ပါတယ်။

Source: CNN

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။