မြန်မာကားတွေအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်နေတဲ့ ပရိသတ်တွေကို ပြန်လည်တုန့်ပြန်လိုက်တဲ့ ပြေတီဦး

လတ်တလော လူမှုကွန်ယွက်ပေါ်မှာ

မြန်မာပေါကားများရပ်ဆိုတဲ့ Page ကနေ မြန်မာကားတွေရဲ့ အားနည်းချက် လိုအပ်ချက်တွေကို ဝေဖန်ရှုတ်ချနေမှုအပေါ် မြန်မာအနုပညာရှင်များက ပြန်လည်ချေပ တုန့်ပြန်မှုတွေ ဖြစ်ပေါ်နေပါတယ်။

ထပ်ဆင့် အကယ်ဒမီပြေတီဦးကလည်း "ဝေဖန်တယ်ဆိုတာအခုမှ မဟုတ်ပါဘူး။ အရင်တုန်းကလည်းဝေဖန်တယ် အခုလည်းဝေဖန်နေကြတယ် နောင်လည်း ဆက်ပြီးဝေဖန်နေကြဦးမှာပဲ။ အကိုအနေနဲ့ကတော့ မြန်မာကားတွေကိုပဲ ဝေဖန်ဝေဖန် အကို့ကားတွေကိုပဲ ဝေဖန်ဝေဖန် လက်ခံပါတယ်။ သူတို့တွေ ဝေဖန်မှလည်း အကိုတို့တွေအနေနဲ့ လိုနေတာတွေပြင်နိုင်မှာပေါ့။ ဒါပေမဲ့လည်း အရာအားလုံးက သူ့အိုးနဲ့သူ့ဆန်တန်ရာ ဖြစ်နေကြတာပဲလေ။ မြန်မာပြည်မှာမွေးပြီးတော့ ဟောလီးဝုဒ်လောက်ကြီး တိုးတက်ချင်လို့တော့ မဖြစ်နိုင်ဘူးလေ။နောက်တစ်ခုက အကိုတို့မှာ Facilities မပြည့်စုံဘူး။ စတူဒီယိုမရှိ ဘာမရှိ ညာမရှိနဲ့ တကယ့်ကို ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့နဲ့ ကားလေးတစ်ကားပြီးအောင် မနည်းကိုဖန်တီးနေကြရတာ။ အစ်ကိုတို့မှာရှိတဲ့ Facilities တွေနဲ့သွားရိုက်ခိုင်းကြည့်ပါလား ရူးပြီးတောင် ပြန်သွားဦးမယ်။ ဒီကိုဟာတွေနဲ့ ဒီလိုကားတစ်ကားပြီးအောင် ရိုက်တယ်ဟုတ်လားဆိုပြီး ရူးပြီးပြန်သွားကြမှာ။ အဲ့ဒီတော့ တကယ်တိုးတက်ချင်ရင်တော့ အကိုတို့ တိုင်းပြည်ကိုအရင်ကောင်းအောင် တည်ဆောက်ရမယ်။ ဒါမှ အကိုတို့တိုင်းပြည်ရဲ့ ကဏ္ဍအသီးသီးက ဖွံ့ဖြိုးတိုးတက်လာမှာပါ။ အကိုတို့ရုပ်ရှင်လောကတစ်ခုတည်းကို ဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်အောင် လုပ်လို့မရဘူး။" လို့ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

Source: Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။