အရင်အိမ်ထောင်နှင့်ပတ်သက်ပြီး ဆုပန်ထွာယောကျာ်း ကိုဥက္ကာကျော်ရဲ့ ရှင်းလင်းချက်

သားသားမွေးတော့ မိသားစုပုံလေးတွေတင်တယ်။

မသိနားမလည်တဲ့လူတွေက comment တွေရေးပြီးမိုက်မိုက်ရိုင်းရိုင်းဝေဖန်ကြတယ်။

*အရင်အိမ်ထောင်ကိုမသနားဘူးလား?

• အရင်အိမ်ထောင်နဲ့အဆင်ပြေနေမှတော့ဘာဖြစ်လို့တရားဝန်ကွာရှင်းပြတ်ဆဲပြီးမိဘရဲ့အိမ်ပေါ်ကတောင်ဆင်းလာခဲ့ဦးမှာလဲ?

*အရင်အိမ်ထောင်ကရတဲ့မကျန်းမာတဲ့ကလေးလေးကိုမသနားဘူးလား?

• သနားတာပေါ့။ ချစ်တာပေါ့။

တရားဝင်ကွာရှင်းပြတ်ဆဲပြီးတော့အဲဒီမိန်းမပဲ သူနဲ့၊ သူ့အလုပ်နဲ့၊ ကလေးနဲ့၊ ကလေးတက်တဲ့ကျောင်း၊ သူတို့စီးတဲ့ကား၊ သူတို့နေတဲ့အိမ်နဲ့ 100 yard အဝေးမှာနေဖို့သူပဲတောင်းဆိုခဲ့တာလေ။ ဘာဆက်လုပ်လို့ရမှာလဲ?

* ကလေးကိုကိုယ်နဲ့မဆိုင်သလိုပစ်ထားတဲ့လူယုတ်မာ

• တရားရုံးကကွာရှင်းပြတ်ဆဲပြီးတော့ ကလေးထောက်ပံ့ကြေးပေးရမယ်တဲ့၊ မိခင်နဲ့ပဲ USA မှာနေမယ့်ကလေးမို့လို့ ကလေးကို 100% ရာနှုန်းပြည့်မိခင်ကိုအုပ်ထိန်းမှုပေးရမယ်တဲ့။

သတ်မှတ်ထားတဲ့ သားအတွက်ထောက်ပံ့ကြေးငွေကို ကျွန်တော်လစဉ်မပျက်မကွက်ထောက်ပံ့ပေးထားတယ်။

ခုသူတို့နေနေတဲ့ USA ကအိမ်၊ စီးနေတဲ့ကားတွေ၊ သုံးနေတဲ့ငွေတွေ၊ နေ့တိုင်းစားနေတဲ့ထမင်း၊ သောက်နေတဲ့ရေ၊ အဆောင်အရောင်တွေအားလုံးဟာ ကျွန်တော်တို့ဘက်ကပိုင်ဆိုင်တဲ့ပစ္စည်းတွေဖြစ်ပြီး၊ကျွန်တော့်အမေကခုချိန်ထိလိုလေသေးမရှိအောင်ထောက်ပံ့ထားပါတယ်။

* တချို့ကသိုသိုသိပ်သိပ်နေစေချင်ကြတယ်၊ ခဏခဏမြင်တွေ့နေရတာအမြင်ကပ်လို့တဲ့!

•ကျွန်တော့ဇနီး ဆုပန်ထွာက တစ်နိုင်ငံလုံးကသိတဲ့ ရုပ်ရှင်မင်းသမီးပါ၊

သာမန်လူတွေတောင် Facebook သုံးနေတာ... ဘယ်သွားသွား ဘာလုပ်လုပ်၊ ဘာစားစား၊ အိပ်မပျော်၊ တရေးနိုး၊ ခံစားချက်တွေရေးတင်နေကြတဲ့ခေတ်ကြီးထဲမှာ သူတင်တာက နံနက်တိုင်း သူယုံကြည်အားထားပြီးရွတ်လေ့ရှိတဲ့ ဘုရားစာလေးနဲ့ အလုပ်ကိစ္စနဲ့သူ့ရဲ့မိသားစု လှုပ်ရှားမှုတွေတင်တာ Friend 5000 ရှိတဲ့လူ၊ Follower ၂သိန်း ကျော်ရရှိထားတဲ့လူဆိုတော့ မမြင်ချင်လည်းမြင်လိုက်ရတဲ့လူတွေအတွက်တော့စိတ်မကောင်းပါဘူး။ ကျွန်တော်တို့မိသားစုကိုမမြင်ချင်ရင် Block လုပ်ထားလို့လည်းရပါတယ်။

ကျွန်တော်တို့ တိုးတိုးတိတ်တိတ်နေစရာဘာအကြောင်းမှမရှိပါဘူး။ ကျွန်တော်ရော ဆုပန်ထွာရော၊ သားသားလေးရော ဘာအမှာမှမလုပ်ထားဘူး။ ဘောင်ထဲမှာပဲနေတယ် မယားငယ်လည်းမဟုတ်တာကြောင့် တိုးတိုးတိတ်တိတ် နေစရာအကြောင်းကိုမရှိတာပါ။

ကျွန်တော်တို့ရဲ့လှုပ်ရှားမှုတွေ၊ ပုံတွေ၊ video တွေဆိုတာ အမြဲတွေ့နေရမှာပါပဲ။

*ဆုပန်ထွာကသူများအိမ်ထောင်ဖျက်စီးပြီး ကျွန်တော့ကိုမရရအောင်ယူထားတယ်။ ငွေမက်လို့တဲ့။

• သေချာလား? ငွေမက်တယ်ဆိုရင် ရုပ်ရည်ချောမောပြီးကျွန်တော်နဲ့မတွေ့ခင်ထဲကဘာနံမည်ပျက်မှမရှိတဲ့ ရုပ်ရှင်သရုပ်ဆောင် အဆိုကျော်

ပဲဗျာ။ ကျွန်တော်လိုကောင်ကိုဘာကြောင့်ယူမှာလဲ? ပိုက်ဆံရှိတဲ့ သူငှေး(သို့),သူငှေးသား၊ လူပျိုလူလွတ်ကိုသူယူမှာပေါ့။ ကျွန်တော့ကိုသူလက်ခံတယ်ဆိုတာ ကျွန်တော့ဘက်ကအရင်အိမ်ထောင်နဲ့တရားဝင်ကွာရှင်းပြတ်ဆဲပြီးထားတာသေချာလို့ပေါ့။ ကျွန်တော်သူ့အပေါ်မေတ္တာစစ်နဲ့ချစ်မှန်းသူသိလို့ပေါ့။ ဒါကြောင့်လည်းတရားဝင်လက်ထပ်လို့ရတာလေ။

ပန်ပန့်ကြောင့်အရင်အိမ်ထောင်နဲ့ကွာရှင်းခဲ့တာမဟုတ်ပါဘူး။ ပန်ပန်နဲ့မတွေ့ခင်ထဲက အရင်အိမ်ထောင်ကအမျိုးသမီး USA ကိုမထွက်ခင် ၂နှစ်လောကွထဲကကွာရှင်းဖို့ကျွန်တော်ကြိုးစားခဲ့တာပါ။ အရင်အိမ်ထောင်ကတော့ကျွန်တော့အမွေတွေလိုချင်လို့ သူ့ရပိုင်ခွင့်တွေကိူမဆုံးရှုံးချင်လို့ကျွန်တော့ကိုမကွာရှင်းချင်ခဲ့တာပါ။

*မယားငယ်ဆိုတဲ့ကိစ္စ...

ဆုပန်ထွာကိုအရင်အိမ်ထောင်နဲ့တရားဝင်ကွာရှင်းပြီးလို့ မြန်မာနိုင်ငံမှာရော USA မှာပါလက်ထပ်ခဲ့တာလူတိုင်းအသိပါ။

ကျွန်တော်တို့ USA မှာပဲလက်ထပ်ရင် မြန်မာနိုင်ငံမှာလက်ထပ်လို့မရလို့မြန်မာပြည်မှာ တရားမဝင်ဘူး၊

မြန်မာပြည်မှာပဲလက်ထပ်ရင် American နိုင်ငံသားခံယူထားတဲ့ ကျွန်တော်ကို USA မှာတရားမဝင်ဘူး။ အဲဒါတွေကြောင့်အားလုံးသံသယတွေရှင်းသွားအောင် ၂နိုင်ငံလုံးမှာလက်ထပ်ခဲ့တာ လူတိုင်းအသိပါ။ ဘယ်နိုင်ငံသွားသွား World Wide ကျွန်တော်တို့နှစ်ယောက်ဟာ တရားဝင်လင်မယားပါ။ ခုဆို Roar Roar လေးတောင်လူဖြစ်နေပြီ။ တိုက်ခိုက်တာတွေ၊ စော်ကားတာတွေ၊ မကောင်းမြင်တာတွေ ရပ်ကြပါတော့ဗျာ။ အရည်မရအဖတ်မရအလုပ်တွေပါ။

*ဆုပန်ထွာက ငွေမက်တယ်ဆိုတဲ့ကိစ္စ

•ကျွန်တော်အရင်မိန်းမနဲ့တရားဝင်ကွာရှင်းပြီးထဲက ပန်ပန့်ကိုလက်ထပ်ဖို့ကြိုးစားပါတယ်။ ပန်ပန်ကပြောတယ်... သူ့ကိုတကယ်ချစ်ရင်အိမ်ပေါ်ကဆင်းလာပြီး အမွေဖြတ်စွန့်လွှတ်ခိုင်းလိုက်ပါတဲ့။ ကျွန်တော်သူပြောတာကိုအရမ်းသဘောကြပြီး သူ့ကိုယ်သူတန်ဖိုးထားတဲ့စိတ်ဓာတ်ကိုအရမ်းလေးစားမိတယ်။

ကျွန်တော်လည်းကျွန်တော့ကိုအမွေပြတ်စွန့်လွှတ်ပေးပါဆိုပြီး လက်မှတ်ထိုးအိမ်ပေါ်ကဆင်းလာခဲ့တယ်။ ကျွန်တော်အိမ်ပေါ်ကဆင်းလာတာ ၄ နှစ်ကျော်သွားပါပြီ။ ကျွန်တော်တို့ ၂ယောက်လုံး ရှိအတူမရှိအတူ ဒီနေ့ဒီချိန်ထိ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ကိုယ့်အရည်အချင်းနဲ့ကိုယ်ထမင်းကိုယ်စားနေခဲ့ကြတာဒီနေ့ထိပါ။

*သဇင်- သဇင်နဲ့ကျွန်တော်က USA ကိုသူတို့လာတုန်းကျွန်တော့ဆိုင်ကယ်နဲ့ဓာတ်ပုံရိုက်ဘူးတာကလွဲပြီး ဘာမှမပိုပါဘူး။

ကျွန်တော်သဇင်နဲ့ရိုက်ခဲ့တာ... ဓာတ်ပုံပါ။

ကျွန်တော်တို့အကြောင်းကိုအမှန်တကယ်မသိပဲ ဝေဖန်သူများအတွက်ကျွန်တော်ရှင်းပြတာပါ။

လူတစ်ယောက်ဟာ အသက် ၈၀ ထိနေရမယ်ဆိုရင် ကျွန်တော့အသက်ခု ၄ဝကျော်ပြီ။ နောက်ကျန်တဲ့တဝက်ကို ကျွန်တော်အေးအေးဆေးဆေးပျော်ပျော်ရွှင်ရွှင်ပဲဖြတ်သန်းချင်တယ်။ ဝေဖန်နေသူတချို့လူတွေလိုကျွန်တော်တို့ရဲ့ဘဝကို ပူလောင်မနေချင်ဘူး။

အဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးပါ ဟု facebook တွင် ရှင်းလင်းခဲ့သည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။