အမျိုးသမီးဒိုင်လူကြီးများ၏ အရည်အသွေးများ တိုးတက်ကောင်းမွန်စေရန်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီ၊ ဒိုင်လုပ်ငန်းဌာနမှ ဖွင့်လှစ်ခဲ့တဲ့ Top Women Refrees & Assistant Refrees Workshops For- 2020 Football Season (Pre Season)သင်တန်းပိတ်ပွဲအခမ်းအနားကိုဒီဇင်ဘာ ၁၃ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း သတင်းစာရှင်းလင်းပွဲ ခန်းမတွင် ကျင်းပခဲ့ပါတယ်။

Photo Credit -Myanmar Football Federation
Photo Credit -Myanmar Football Federation
Photo Credit -Myanmar Football Federation

အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်၊ ဒိုင်လုပ်ငန်းဌာန ဒါရိုက်တာ ဦးထွန်းလှအောင်နှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသူများ တက်ရောက်ခဲ့ပါတယ်။

Photo Credit -Myanmar Football Federation
Photo Credit -Myanmar Football Federation
Photo Credit -Myanmar Football Federation

Top Women Refrees & Assistant Refrees Workshops For- 2020 Football Season (Pre Season)သင်တန်းကို ဒီဇင်ဘာ ၉ မှ ၁၃ရက်အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသူ (၁၆)ဦး တက်ရောက်ခဲ့ပါတယ်။ ယခုလိုအမျိုးသမီးဒိုင်လူကြီး သင်တန်းတွေဖွင့်လှစ်ပေးခြင်းဖြစ်အရည်အသွေးများ တိုးတက်ကောင်းမွန်သောအမျိုးသမီးဒိုင်လူကြီး တွေပေါ်ထွက်လာမှာလည်းဖြစ်ပါတယ်။ ကဲ့ပရိသတ်ကြီးရေ မြန်မာ့မျိုးဆက်သစ် အမျိုးသမီးဒိုင်လူကြီးတွေကိုကြိုဆိုပေးလိုက်ပါအုန်း....။

Photo Credit -Myanmar Football Federation
Photo Credit -Myanmar Football Federation

Source -Myanmar Football Federation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။