ပရိသတ်ကြီးရေ ယခုမှာဆိုရင်တော့ တေးသီချင်းတွေကိုလည်း ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆို ၊ကိုယ်တိုင်ဖန်တီးနေသူကတော့ အဆိုတော် ယုန်လေးပဲဖြစ်ပါတယ်။ ယုန်လေးကတော့ အဆိုတော်လောကမှာ ပရိသတ်တွေရဲ့ ရင်ထဲမှာနေယူရာယူထားသူလည်းဖြစ်ပါတယ်။ သူရဲ့ သီချင်းတွေကလည်း ပရိသတ်တွေနဲ့ထပ်တူကြတဲ့ တေးသီချင်းမျိုးတွေကြောင့် အောင်မြင်မှုတွေရရှိလာတာပဲဖြစ်ပါတယ်။

Photo Credit -Yone Lay Facebook
Photo Credit -Yone Lay Facebook

ယုန်လေးကတော့ ယခုနောက်ပိုင်းမှာဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ရိုက်ကူးလာပြီးလည်းဖြစ်ပါတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကြီးတွေကလည်း ပရိသတ်တွေအများဆုံး အကြိုက်တွေ့စေပြီး အထူးအားပေးခြင်းခံရတဲ့ ဇာတ်ကားတွေပဲဖြစ်ပါတယ်။ သဘောထားပြည့်ဝတဲ့ ယုန်လေးကတော့ ပရဟိတမှာလည်း ကိုယ်တိုင်ပါဝင် လုပ်ဆောင်တက်သူတစ်ယောက်လည်းဖြစ်ပါတယ်။

Photo Credit -Yone Lay Facebook
Photo Credit -Yone Lay Facebook

သူငယ်ချင်းဖြစ်တဲ့ကေညီ နဲ့အတူ အဖွဲ့သားတွေအားလုံးစုပေါင်းပြီး ဆင်းရဲနွမ်းပါးတဲ့ ပရိသတ်တွေ လိုအပ်နေတဲ့ နွေးထွေးမှုတွေရရှိဖို့အတွက် လိုအပ်တဲ့ ဂွမ်းစောင် တွေနဲ့ အနွေးထည်တွေကို မနက်စောစော သွားရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။လူမှုရေးမှာလည်း အထူးပြည့်ဝပြီး စိတ်စေတနာရှိလွန်းတာကြောင့် အနုပညာနယ်ပယ်မှာ လေးစားဖွယ်လူတစ်ယောက်ဆိုရင်လည်းမမှာပါဘူးနော်...။ ကဲ့ ပရိသတ်ကြီးရေ မနက်စောစောထပြီး လူမှုရေးအကျိုးကိုဆောင်နေတဲ့ ယုန်လေးတို့ကို ဆုတောင်းမေတ္တာပို့ပေးလိုက်ပါအုန်း။

Source -Yone Lay Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။