အနုပညာနယ်ပယ်အတွင်းမှာ အောင်မြင်မှုတွေရရှိထားပြီး ပရိသတ်တွေရဲ့ အသည်းကျော်လေးတစ်ယောက်ကတော့ မင်းသားချောလေး သူရိယ ပဲဖြစ်ပါတယ်။ သူရိယကိုတော့ မိန်းကလေးပရိသတ်တွေက အထူးအားပေးချစ်ခင်ရတဲ့သူဆိုရင်လည်းမမှားပါဘူးနော်...။ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း များစွာ ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်ကားကောင်းတွေကိုလည်း နောက်ထက်ရိုက်ကူးမှုတွေလည်းပြုလုပ်နေပြီးလည်းဖြစ်ပါတယ်။

Photo Credit - Thu Riya Facebook
Photo Credit - Thu Riya Facebook
Photo Credit - Thu Riya Facebook

ယခုမှာဆိုရင်လည်း နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ နှစ် ၂၀ ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကို တံသမန်အဖြစ်တက်နေတာပဲဖြစ်ပါတယ်။ အဲ့ဒီ ပွဲမှာတော့ မြန်မာဆန်ဆန် အဝတ်စားလေးတွေကိုဝတ်ဆင်ပြီး တည်ကြည်ခန့်ညားလွန်းတဲ့ ပုံစံလေးကိုက မိန်းကလေးပရိသတ်တွေ ရဲ့အသည်းကိုခြွေချလောက်ပါတယ်။

Photo Credit - Thu Riya Facebook
Photo Credit - Thu Riya Facebook

အမြဲတမ်းပြုံးနေတက်ပြီး အခြားသူတွေအပေါ်မှာလည်း သနားတဲ့စိတ်လေးတွေရှိလွန်းတာကြောင့် ပြည်သူတွေချစ်ခင် အားပေးရတဲ့ အနုပညာရှင်တစ်ယောက်ဆိုရင်လည်းမမှားပါဘူး။ နေပြည်တော်မှာကျင်းပပြုလုပ်တဲ့ မြန်မာ့ တိုင်းရင်းဆေးသမားတော်များညီလာခံကို တံသမန်အဖြစ်တက်ရောက်နေမှုတွေကို သူရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာဖော်ပြပေးထားပါသေးတယ်။ ကဲ့ ပရိသတ်ကြီးရေ တံသမန်လေး သူရိယ ရဲ့ချစ်စရာပုံလေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Source - Thu Riya Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။