လာမည့် ၂၀၂၀ ရာသီအတွက် အင်အားဖြည့် ခေါ်ယူမှုများပြုလုပ်နေသည့်ရန်ကုန်ယူနိုက်တက်အသင်းသည် ရတနာပုံအသင်း နောက်ခံလူ သိန်းသန်းဝင်းကို တစ်နှစ်စာချုပ်ဖြင့် ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ယခုခေါ်ယူမှုသည် ရန်ကုန်ယူနိုက်တက်အသင်းအတွက် ခြောက်ယောက်မြောက် ပြည်တွင်းကစားသမား ခေါ်ယူမှုတစ်ခုလည်း ဖြစ်ပါတယ်။သိန်းသန်းဝင်းကတော့မြန်မာနေရှင်နယ်လိဂ် စတင်တဲ့ ၂၀၀၉ ခုနှစ်စတင်ကာ မကွေးအသင်းတွင် ၃ နှစ်၊ ၂၀၁၂ ခုနှစ်မှ၂၀၁၅ ခုနှစ်အထိ ရှမ်းယူနိုက်တက်အသင်းတွင် ၄ နှစ်ကြာ ယှဉ်ပြိုင်ကစားခဲ့သူလည်းဖြစ်ပါတယ်။

ထို့နောက် ရတနာပုံအသင်းသို့ ၂၀၁၆ ခုနှစ်တွင် ပြောင်းရွှေ့ကစားခဲ့ပြီး အသင်းနှင့်အတူ ဆုဖလား ရယူကာ AFC Cup 2017 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ပါတယ်။

Photo Credit - Yangon United FC
Photo Credit - Yangon United FC
Photo Credit - Yangon United FC

၂၀၁၉ ခုနှစ်တွင် ထိုင်းကလပ် ရက်ချဘူရီ သို့ ၂၀၁၉ ရာသီဝက် အငှားသွားရောက်ယှဉ်ပြိုင်ကစားခဲ့သူလည်း ဖြစ်ပါတယ်။ပြိုင်ဘက်တွေကို မာမာထန်ထန်တုံ့ပြန် ယှဉ်ပြိုင်နိုင်တဲ့ သူတစ်ဦးလည်း ဖြစ်တဲ့သိန်းသန်းဝင်းသည် ၂၀၀၉ ခုနှစ်မှစတင်ကာ မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းတွင် စတင် ရွေးချယ်ခံရပြီး ၂၀၁၃ ခုနှစ်တွင် မြန်မာ့လက်ရွေးစင် ယူ-၂၃နှင့်အတူ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်ထပ်မံရွေးချယ်ခံခဲ့ရပါတယ်။

Photo Credit - Yangon United FC
Photo Credit - Yangon United FC

ထို့နောက် ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူခဲ့ရပြီး ၂၀၁၆ ခုနှစ်မှစတင်ကာ မြန်မာ့လက်ရွေးစင်အသင်းတွင် ပြန်လည်ရွေးချယ်ခံခဲ့ရသူတစ်ဦးလည်းဖြစ်ခဲ့ပါတယ်။ရန်ကုန်ယူနိုက်တက်အသင်းကတော့ ၂၀၂၀ ဘောလုံးရာသီ အတွက် ကစားသမားအင်အားဖြည့် ခေါ်ယူခဲ့ရာ ပြည်တွင်းကစားသမားများအဖြစ် ကြည်လင်း၊ မောင်မောင်ဝင်း၊ အောင်ကျော်နိုင်၊ ရန်ပိုင်စိုး နှင့် ထိုက်ထိုက်အောင် တို့ကို ပါဝင်ခဲ့ပြီး ပြည်ပကစားသမားများ အဖြစ် ဘာဖို၊အီမာနျုရယ်၊ ရှိုရီ နှင့် အဘူဘာကာကွန်ဂို တို့ကို ခေါ်ယူခဲ့ပါတယ်။

Source - Yangon United FC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။