ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် PNFF မှ နှစ်စဉ်ကျင်းပသည့် နောင်ကားဘောလုံးပြိုင်ပွဲ နှစ် ၂၀ ပြည့် အထိမ်းအမှတ်နှင့် ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နောင်ကားဘောလုံးကွင်း တောင်ကြီးမြို့၌ကျင်းပခဲ့ပါတယ်။

Photo Credit - MFF
Photo Credit - MFF
Photo Credit - MFF

အဆိုပါဘောလုံးပြိုင်ပွဲအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကူညီထောက်ပံ့ပေးခဲ့တဲ့ ပြိုင်ပွဲဘောလုံး (၅၀)လုံးနှင့် ဒိုင်လူကြီးဝတ်စုံ (၁၀)စုံတို့ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အကြံပေး ဦးဘန်နီတင်အောင်မှပြိုင်ပွဲကျင်းပရေးကော်မတီထံသို့ ပေးအပ်လှူဒါန်းခဲ့ပါတယ်။ ဘောလုံးပြိုင်ပွဲကို တစ်လကြာကျင်းပသွားမည်ဖြစ်ပြီး ဒေသခံ အသင်းပေါင်း (၁၂၉) သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပါတယ်။

Photo Credit - MFF
Photo Credit - MFF

ယခုလိုဘောလုံးပွဲတွေကိုကျင်းပပေးတာက ဘေားလုံးလောကမှာ စွမ်းဆောင်ရည်ပြည့်ဝတဲ့ ကစားသမားကောင်းများစွာပေါ်ထွက်လာမှာလည်းဖြစ်ပါတယ်။ ဒီလိုဆောင်ရာသီတွေမှာဆိုရင်လည်း တိုင်းဒေသကြီးနှင့်ပြည်နယ်တွေမှာ ဘောလုံးအားကစား ပွဲတွေကိုကျင်းပ လေ့ရှိတာလည်းဖြစ်ပါတယ်။ မြန်မာ့ဘာလုံးလောကမှာလည်း ဒီထက်မက တိုးတက်အောင်မြင်မှုတွေကိုရရှိနိုင်ပါစေ လို့ ပရိသတ်တွေကလည်းဆုမွန်ကောင်းတောင်းပေးလိုက်ပါအုန်း။

Source -Myanmar Football Federation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။