ပရိသတ်တွေလဲသိတဲ့အတိုင်း မကြာခင်မှာ မင်္ဂလာဆောင်တော့မဲ့ မိုးယုစံတို့ အတွဲရဲ့ မင်္ဂလာဓာတ်ပုံတွေဟာ နေ့စဉ်နှင့်အမျှ ပြန့်နှံ့နေတာပါ။ သူမရဲ့ မင်္ဂလာအကြိုဓာတ်ပုံတွေဘာကြောင့်များနေရသလဲဆိုတဲ့ အဖြေမှန်ပေါ်ထွက်လာပါပြီ....

မင်္ဂလာဖိတ်စာတောင် ထွက်လာပြီး မင်္ဂလာအခမ်းအနား လေးခုခွဲပြီးကျင်းပမဲ့ မိုးယုစံ နှင့် စွမ်းသူတို့ ရဲ့ မင်္ဂလာပွဲဟာ ဘယ်လောက်တောင်ကြီးကျယ်ခမ်းနားလိုကမလဲဆိုတာ မတွေးဝ့ံစရာပါ။ သူမရဲ့ pre-wedding ဓာတ်ပုံလေးတွေဟာ မြန်မာပြည်နေရာအနှံ့ရိုက်ကူးထားပြီး မိန်းကလေးတွေရဲ့ အိပ်မက်လို့ပြောရလောက်အောင် အလွန်တရားမှ လှပပါတယ်။

မိုးယုစံဟာ သူမတို့စုံတွဲရဲ့ မင်္ဂလာအကြိုဓာတ်ပုံတွေများနေရခြင်းက တော့ သူမကို ကမ်လှမ်းတဲ့ ဓာတ်ပုံကြော်ငြာတွေကို မင်းသားအစား သူမရဲ့ ခင်ပွန်းလောင်းဖြစ်တဲ့ KBZ ပိုင်ရှင်ရဲ့ သား စွမ်းသူနှင့် အတူ ရိုက်ကူးလို့ဘဲဖြစ်ပါတယ်လို့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာယခုလိုမျိုးဖွင့်ဟပြောဆိုခဲ့ပါတယ်။

'DM နာရီ photo shooting ကိုသူနဲ့ပါ (မင်းသားလည်းမဟုတ်ပါဘူး မိုးယုရဲ့တောင်းဆိုမှုကိုဘာပဲဖြစ်ဖြစ်အတတ်နိုင်ဆုံးလိုက်လျောပီး အမှတ်တရအနေနဲ့ လမ်းလှမ်းချက်တွေ ကြော်ငြာ /pre wedding ပုံတွေရိုက်ကူးဖြစ်တာပါ wedding photoနဲ့ ပတ်သတ်ပီး မေတ္တာဖြင့်ကူညီပီး စရိတ်ကအစပံ့ပိုးပေးသော ဆိုင်များကိုလည်းကျေးဇူးတင်ပါတယ် သူတို့လည်းဆိုင်ကြော်ငြာလို့ရသလို မိုးယုတို့အတွက်လည်းဒါတွေက အမှတ်တရလေးတွေပါ ဘယ်သူကမှတသက်တခါမင်္ဂလာယူတဲ့ပွဲကိုပီးပီးရောမလုပ်ကြပါဘူး လူတိုင်းမင်္ဂလာယူသလိုမိုးယုလည်းလုပ်ရိုးလုပ်စဉ်တိုင်းပဲလုပ်သွားမှာပါ မင်္ဂလာယူမဲ့သူများလည်းအစစအရာရာအဆင်ပြေချောမွေ့ကြပါစေ)' ဆိုပြီးရေးသားခဲ့ပါတယ်။

တကယ်တမ်း စဉ်းစားကြည့်မယ်ဆိုရင် 'ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရင်း' ဆိုသလို နှစ်ဦး နှစ်ဖက်အကျိုးရှိတဲ့ ကိစ္စပါ။ ဒီလိုကိစ္စမျိုးဖြစ်နိုင်တယ်ဆိုတာဟာလည်း KBZ ရဲ့ အရှိန်အဝါကြောင့်လည်းပါပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် မိုးယုစံကတော့ ထိုပုံတွေထဲမှာ အစွမ်းကုန်လှပနေပါတော့တယ်။

ကယ်မင်းသမီးလေးရဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ် အစီအစဉ်လေးတွေနော်....

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။