ခွေးလေးကို အစာငတ်ပြီးသေအောင်ထားခဲ့တဲ့ ရက်စက်တဲ့သခင် ထောင်ကျခံရ

ထောင်ထဲသွားရမှာကို ခွေးလေးအိမ်မှာကျန်ခဲ့တာ မပြောခဲ့တဲ့အတွက် အစာငတ်ပြီး သေဆုံးခဲ့ပါတယ်။ အဲ့အတွက် ထောင်ထဲနောက်တစ်ကြိမ် ပြန်ဝင်ခဲ့ရပါတယ်။ တစ်နှစ်အရွယ်ခွေးလေးကို သူ့ပိုင်ရှင်ရဲ့ တိုက်ခန်းမှာ အစာငတ်ပြီး သေဆုံးနေတာကို သုံးလကြာမှ တွေ့ခဲ့ရပါတယ်။ အိမ်နီးနားချင်းတစ်ယောက်က အနံ့ဆိုးတွေထွက်လို့ အကြောင်းကြားမှ ရှာဖွေတွေ့ရှိခဲ့တာပါ။ 26 နှစ်ရှိပြီဖြစ်တဲ့ Bennie ကို တိရိစ္ဆာန် ညှင်းပန်းနှိပ်စက်မှုနဲ့ ၁ရပတ် ထောင်ဒဏ်ထပ်ချခဲ့ပါတယ်။ 

ဇန်နဝါရီလကတည်းက ထောင်ကျနေတာဖြစ်ပြီး ဘယ်သူ့ကိုမှ ခွေးလေးကျန်ခဲ့တာကို မမှာခဲ့ပါဘူး။ အစာငတ်ပြီးသေဆုံးတာလား ရေငတ်ပြီးသေတာလား မသိရပင်မဲ့ သေချာတာကတော့ သူတော်တော်လေး ခံစားခဲ့ရပါတယ်။

သူ့သခင်ရဲ့ မွေ့ရာပေါ်က အဝတ်ပုံထဲမှာ လဲကျပြိး သေဆုံးနေခဲ့တာပါ။ တကယ်တမ်း ပိုင်ရှင်ကသာ တစ်ယောက်ယောက်ကို ပြောခဲ့ရင် အခုလို ခွေးလေးလည်း ခံစားရပြီး သေမှာမဟုတ်ပါဘူး။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။