ဟယ်ရီပေါ်တာ ပရိတ်သတ် အငယ်ဆုံးကလေးလေးလား

Lorelai Grace ဆိုတဲ့ လေးလကလေးလေးကို မှော်ဆရာပုံစံလေး ဝတ်ဆင်ပေးထားတာပါ။ ချစ်ဖို့ကောင်းလွန်းလို့ facebook မှာ share သူအမြောက်အမြားရှိခဲ့ပါတယ်။ 

သူ့အမေ က ဟယ်ရီပေါ်တာ အမာခံ ပရိသတ်ဖြစ်ပြီး ကလေးလေးမွေးလာတဲ့အခါ မှော်တုတ်တံလေး၊ ဟယ်ရီပေါ်တာမျက်မှန်လေးနဲ့ Gryffindor လည်စည်းလေးဆင်ပေးထားတာ ဖြစ်ပါတယ်။ သူ့အမေကိုယ်တိုင် ဓာတ်ပုံရိုက်ပေးတာ ဖြစ်ပြီး မမွေးခင်ကတည်းက ဒီလိုရိုက်မယ်လို့ ကြိုတင်စဉ်းစားပြီး စီစဉ်ထားတာဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း ဓာတ်ပုံ ဆရာတစ်ယောက်ဖြစ်ပင်မဲ့ သမီးလေးရလာတဲ့အတွက် အလုပ်ကိုခဏရပ်ထားပါတယ်။ ဒီပုံတွေကတော့ သူ့အိမ်က studio မှာဘဲ အပျော်သဘောနဲ့ ရိုက်ထားတာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။