Schuyler Bailar လို့ခေါ်တဲ့ ဟားဗတ်တက္ကသိုလ်ကျောင်းသူဟာ တက္ကသိုယ်ရောက်ပြီးပြီးချင်းမှာ သူမရဲ့ဘဝကို အပြောင်းအလဲဖြစ်စေမယ့် ဆုံးဖြတ်ချက်ကိုချမှတ်လိုက်ပါတယ်။ ယောကျာ်းလေးအဖြစ် ခန္ဓာကိုယ်၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲပြီး ပိုပျော်ရွှင်တဲ့ ဘဝအသစ်စတင်ဖို့ပါ။ သူမရဲ့အ့ံသြဖွယ် ပြောင်းလဲမှုနဲအတူ မိန်းကလေးတွေ ကြွေသွားလောက်တဲ့ ယောကျာ်းလေးပုံစံမျိုး ဘယ်လိုပြုပြင်ခဲ့လဲဆိုတာ ဝင်ကြည့်ကြည့်ရအောင်။

အရင်တုန်းက Bailerဟာ ရေကူးအင်မတန်တော်တဲ့ ကျောင်းသူဖြစ်ပြီး နိုင်ငံ၊ ပြည်နယ်၊ တိုင်းအဆင့် ဆုတွေရရှိခဲ့ပါတယ်။ ဟားဗတိတက္ကသိုလ်ကို ရောက်ရှိအပြီးမှာ သူမဟာ မိန်းကလေးအသင်းမဟုတ်ဘဲ ယောကျာ်းလေးရေကူးအသင်းကို ဝင်ရောက်ချင်ခဲ့ပါတယ်။

သူမဟာ ပိုမိုပျော်ရွှင်တဲ့ဘဝရဖို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေချခဲ့ရပြီး ရင်သားတွေဖြတ်ထုတ်၊ အားကစားတွေလုပ်၊ ဟော်မုန်းပြောင်းလဲဆေးတွေထိုးပြီး ခွဲစိတ်ပြုပြင်အပြီးမှာ နောက်ဆုံးတော့ သူမလိုချင်တဲ့ယောကျာ်းဘဝကို ရရှိခဲ့ပါတယ်။

ယောကျာ်းလေးရေကူးအသင်းအနေနဲ့ ပြိုင်ပွဲမှာ မိန်းကလေးဘဝတုန်းကလောက် အောင်မြင်မှုမရခဲ့ပေမယ့် သူ့ရဲ့ဆုံးဖြတ်ချက်ကို ဘယ်တော့မှနောင်တမရဘူးလို့ဆိုပါတယ်။

မြင်ရုံနဲ့ မိန်းကလေးတွေ ကြွေလောက်တယ်နော်။ 

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။