ရခိုင်ပြည်နယ် မောင်တော်မြို့နယ်ရှိ နယ်ခြားစောင့်တပ်စခန်းကို စီးနင်းတိုက်ခိုက်မှုမှာ ဘယ်အဖွဲ့ လက်ချက်ဆိုတာ မပြောနိုင်သေးဘဲ ကျီးကန်းပြင်စခန်း တခုမှာတင် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ ပြည်နယ်အစိုးရက ပြောပါတယ်။

ပြည်နယ်အစိုးရပြောခွင့်ရ ဦးမင်းအောင်က သူတို့ဆီကို ကျီးကန်းပြင်က ကြေးနန်းပဲ တက်လာသေးပြီး ကျန်တဲ့နေရာက မလာသေးဘူး။ အဲ့ဒီနေရာတဝိုက်ကို အခု ပိတ်ဆို့ ကန့်သတ်ထားပြီး တပ်မတော်က တောနင်းရှာနေတယ်လို့ ပြောပါတယ်။

နယ်ခြားစောင့်တပ်စခန်းတွေကို စီးနင်းတိုက်ခိုက်သူတွေဟာ တုတ်၊ဓား လက်နက်တွေ ကိုင်ဆောင်ထားတဲ့ ဘင်္ဂါလီလို့ပဲ ပြောနိုင်သေးပြီး ဘယ်အဖွဲ့ဆိုတာ မပြောနိုင်သေးဘူးလို့လည်း ဆိုပါတယ်။
ပြည်နယ်အစိုးရပြောခွင့်ရ ဝန်ကြီး ဦးမင်းအောင်ကို ဒီဗီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – မောင်တောမှာ ဒီမနက်က ဖြစ်သွားတဲ့ နယ်ခြားစောင့်တပ် အတိုက်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရအနေနဲ့ သိထားသလောက်ပေါ့လေ ပြောပြပေးပါခင်ဗျ
။

ဖြေ – ဖြစ်သွားတဲ့နေရာက ကျနော်တို့ မနေ့ညဘက်က ဖြစ်တာ သုံးနေရာဖြစ်တယ်ခင်ဗျ။ ဒီမောင်တောမြို့နယ်ထဲက ကျီးကန်းပြင်ဆိုတဲ့ ရွာကစခန်းတခုရယ်၊ နောက် ငါးခူရ ဆိုတဲ့ရွာက စခန်းတခုရယ်ပေါ့နော်။ နောက်ကိုးတန်ကောက်ဆိုတဲ့ ရွာကစခန်းတခု။ အဲဒီထဲက အခု ပြည်နယ်အစိုးရတက်လာတဲ့ ကြေးနန်းက ဒီကျီးကန်းပြင်က ကြေးနန်းတခုပဲရှိ တယ်ဗျ။ ကျန်တဲ့ နှစ်ခု ငါးခူရတဲ့ ကိုးတန်ကောက်က သတင်းက မတက်လာသေးဘူးပေါ့နော်။

မေး – ဟုတ်ကဲ့ ကျီးကန်းပြင်က တက်လာတဲ့သတင်း ပြောပြပေးပါခင်ဗျ။

ဖြေ – ကျီးကန်းပြင်ကတော့ တုတ်၊ ဓား၊ လက်နက်ကိုင်နဲ့ အဖွဲ့ပေါ့နော်။ အယောက်ကိုးဆယ် လောက်ဝင်ပြီးတော့ ကျီးကန်းပြင်ဌာနကို ဝင်ပြီးတော့ စီးတယ်ပေါ့ဗျာ။ အဲဒီနေရာမှာ ကင်းနေရာ ၄ ခုထဲက ကင်းနေရာ တခု၊ နှစ်ခု၊ သူကတပြိုင်တည်း ပတ်ဝင်ပြီးတော့ တိုက်ပွဲ တွေ ဖြစ်ကြတာပေါ့နော်။ ဟိုဘက်က တုတ်ဓားတွေနဲ့ ဒီဘက်က ရဲတပ်ဖွဲ့က အငိုက်မိသွားတဲ့ ပုံစံမျိုးပေါ့ဗျာ။ ည ၂ နာရီ ဝန်းကျင်လောက်မှာ ဖြစ်တော့လေ။ အဲဒီမှာ ဝင်ပြီး သတ်သွားပြီး တော့ အဲဒီက လက်နက်တွေရသွားပြီး သူတို့က ဗဟိုကင်းကိုဝင်စီးပြီးတော့ တိုက်ခိုက်သွား တယ်။ ပြီးရင် လက်နက်တွေ ယူပြီးတော့ ထွက်သွားကြတယ်။

မေး – ဘယ်တပ်ဖွဲ့ကလို့ သိရလဲခင်ဗျ။

ဖြေ – တပ်ဖွဲ့တော့ မဟုတ်ဘူးဗျ။ တုတ်၊ဓား လက်နက်ကိုင်ထားတဲ့ ဘင်္ဂါလီတွေဆိုပြီးတော့ ပြောတယ်။ သူ့သတင်းမှာပေါ့နော်။ တုတ်၊ ဓားတွေကိုင်ထားတဲ့ ဘင်္ဂါလီတွေ ဝင်ပြီးတော့ စီးသွားတယ်ပေါ့ စခန်းကိုလေ။

မေး – လူအသေအပျောက် အထိအခိုက်။

ဖြေ – လူအသေအပျောက်က တိုက်ခိုက်ဝင်စီးတဲ့အခါမှာ ကျနော်တို့ ကင်းမှူးတယောက်၊ နောက်ပြီးတော့ ဒုတပ်ကြပ်တယောက်ရယ်၊ တပ်သားရယ် အားလုံးငါးယောက်ပေါ့ဗျာ ဓားနဲ့ ခုတ်ခံလိုက်ရတယ်ပေါ့။ ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးတယ်။ ကျီးကန်းပြင်စခန်းပေါ့။ ထုတ်ပေး ထားတဲ့သေနတ်တွေ ပါသွားတာပေါ့ဗျာ။

မေး – ဘယ်လောက်လောက် ပါသွားလဲခင်ဗျ။

ဖြေ – အတိအကျပြောမယ်ဆိုရင် ဘီအေ-၉၄ နံပါတ် ဒီ-၂၁၈၅၃ တလက်၊ နောက် အမ်-၂၂ တလက်၊ နောက်ပြီး (၉)မမကျည်- ၂၄၀ တောင့် ပါသွားတယ်။ ကျည်နောက်တမျိုးက ၇.၆၂ ကျည် ၁၂၀ တောင့်ယူပြီးတော့ သူတို့က ထွက်သွားကြတယ်။ ရှိတဲ့သူတွေ တိုက်ခိုက်ပြီး တော့။

မေး – ကျနော်တို့ကြားထားတာ ရာနဲ့ချီတယ် ကြားလို့ခင်ဗျ။ လက်နက်ပါသွားတာျ။

ဖြေ – အဲဒါက ကင်းစခန်းက ဟာကို ကျနော်က ပြောပြတာလေ။ အလောင်းငါးလောင်းပေါ့ နော် ကျီးကန်းပြင်ဘက်မှာ။ သူတို့ ဟိုဟာကို ဝင်စီးတဲ့အနေအထားမှာတော့။

မေး – လူငါးယောက်သတ်သွားပြီး ရသွားတဲ့လက်နက်တွေနဲ့ပဲ သူတို့ ဗဟိုကင်းကို ဝင်စီးသွား တယ်။ ကျီးကန်းပြင်က ဗဟိုကင်းကို ဝင်စီးသွားတယ်။ အဲဒီကလက်နက်တွေ ယူသွားတယ်။ အဲဒီဒေသမှာ ဘယ်လိုအဖွဲ့အစည်းတွေ ရှိတတ်လဲ။ ဘယ်လိုအဖွဲ့အစည်းတွေက အဲလိုလုပ် တတ်လဲခင်ဗျ။

ဖြေ – အဖွဲ့အစည်းဆိုတဲ့ နာမည်ကတော့ အဖွဲ့အစည်းဆိုတာ ကျနော်တို့ ပြောလို့မရသေးဘူးဗျ။ လူအင်အား ကိုးဆယ်လောက်ပေါ့နော်။ ခုနကျနော်ပြောတဲ့ ကျီးကန်းပြင်ကင်းစခန်းကို ဝင်စီး တာ အယောက် ၉၀ လောက်ဆိုတာ သိရတယ်။ ကျန်တဲ့ ဟိုဘက်က ငါးခူရနဲ့ ကိုးတန်ကောက် စခန်းတွေ၊ သူတို့က တနေရာ တနေရာစီဗျ။ မောင်တောမြို့နယ်ထဲမှာ မြို့ရဲ့ အရှေ့ အနောက်တောင်မြောက် တနေရာစီမှာ ဖြစ်နေတာကိုး။

မေး – ဟုတ်ကဲ့ တပြိုင်တည်း ဝင်စီးသွားတယ်လို့လည်း ပြောတယ်ခင်ဗျ။

ဖြေ – ဟုတ်တယ် တပြိုင်တည်းဖြစ်နေတယ်။ ဒါပေမယ့်ကျနေ်ာတို့ ကြေးနန်းတက်တဲ့အနေ အထား သတင်းရတဲ့ အနေအထားကတော့ ကျီးကန်းပြင်ကဟာပဲ တက်လာသေးတယ်။ ငါးခူရ တို့ ကိုးတန်ကောက်တို့ဘက်ကို ဝင်ထွက်သွားလာခွင့်တွေ ပိတ်ထားတယ်။ လက်နက် ကတော့ တော်တော်များတယ်ဗျ။ ဗဟိုကင်းကနေပြီးတော့ ပါသွားတဲ့ လက်နက်က တော်တော်များတယ်။

မေး – ဘာတပ်ဖွဲ့လို့တော့ ပြောလို့မရသေးဘူးပေါ့နော်။

ဖြေ – ဟုတ်တယ် မရသေးဘူး။

မေး – အခုနောက်ဆုံးပေါ့ မောင်တော ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီးတော့ တပ်ကလိုက်ရှင်းနေ လား၊ ဘယ်လိုတွေ ဆောင်ရွက်နေလဲ။
ဖြေ – ဟုတ်ကဲ့ အကုန်လုံးပိတ်ပြီးတော့လေ တောနင်းပြီးတော့ ရှာနေတဲ့ဟာတော့ ရှိတယ်။ မောင်တော တဝိုက်ပေါ့နော်။

မေး – လုံခြုံရေးကော ပိုချထားလား။
ဖြေ – ဟုတ်ကဲ့ခင်ဗျ လုံခြုံရေးကို အားလုံးအဝင်အထွက်တွေ ပိတ်ထားတာတော့ ရှိတယ်။

Source: dvb

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။