မာ့ခ်ဇူကာဘက်ဟာ Facebookကို ကမ္ဘာ့လူအသုံးအများဆုံး လူမှုကွန်ယက်ဖြစ်အောင် တည်ထောင်ခဲ့တဲ့သူတွေထဲက အထင်ရှားဆုံးလူတစ်ဦးပါ။

အင်္ဂါနေ့မှာ လုပ်ခဲ့တဲ့အင်တာဗျူးမှာ မာ့ခ်က Facebookတည်ထောင်နေစဉ်အတွင်းကြုံရတဲ့အခက်အခဲတွေ၊ အပြောင်းအလဲတွေနဲ့၊ ကျရှုံးမှုတွေကို သူ့ရင်တွင်းခံစားချက်အတိုင်းပြောကြားခဲ့ပါတယ်။

သူ့ကို အခက်အခဲအဖြစ်စေဆုံး အချိန်တစ်ခုကတော့ Yahoo ဟာ Facebook ကို တစ်မီလီယံဒေါ်လာနဲ့ ဝယ်ဖို့ကမ်းလှမ်းခဲ့တုန်းကပါ။ ၂၀၀၆ခုနှစ်တုန်းကဖြစ်ပြီး အဲတုန်းက Facebook ပေါ်ပေါက်ခဲ့တာ နှစ်နှစ်အကြာပဲရှိသေးပြီး အသုံးပြုသူ ၁ဝသန်းပဲရှိပါသေးတယ်။ လူတွေက အဲဒီ့ကမ်းလှမ်းချက်ကို လက်ခံသင့်တယ်လို့ တိုက်တွန်းကြပေမယ့် မာ့ခ်နဲ့ပူးတွဲတည်ထောင်သူ ဒက်စတင် အော့စ်ကိုဘစ်ဟာ ငြင်းပယ်ခဲ့ပြီး ကုမ္ပဏီကို ဆက်လက်ကြီးထွားလာအောင် လုပ်ဆောင်ဖို့ရည်ရွယ်ခဲ့ပါတယ်။

" အဲတုန်းက Yahoo ရဲ့ ကမ်းလှမ်းချင်ကိုငြင်းပယ်ရတာကို ကျွန်တော်နောင်တမရပါဘူး။ ဒါပေမယ့် ငြင်းပယ်အပြီးမှာ ကုမ္ပဏီတွေက ကျွန်တော်တို့ကို မယုံကြည်တဲ့အတွက် ပူးပေါင်းလုပ်ဆောင်ဖို့ ငြင်းပယ်ကြတာကို ရင်နာခဲ့ရပါတယ်။ " ဟု မာ့ခ်က သူ၏ရင်တွင်းခံစားချက်ကိုပြောကြားခဲ့သည်။ နောက်ပြီးတော့ မာ့ခ်ဟာ သူ့အရင် Facebook အဖွဲ့သားတွေရဲ့ ယုံကြည်မှုကိုမရရှိတော့ပဲ ထွက်ခွာသွားကြတာကြောင့် စိတ်ဓာတ်ကျခဲ့ရပါတယ်။

အင်တာဗျူးသူက Facebookကနေ အသုံးပြုတဲ့စနစ်တွေ ဘယ်လိုလုပ်ဆောင်ခဲ့ရသလဲလို့မေးတဲ့အချိန်မှာ မာ့ခ်က သူတို့ အမြဲ နည်းပညာပိုင်းဆိုင်ရာ သုတေသနပြုလုပ်ခဲ့ရပြီး အသုံးပြုသူတွေရဲ့ ဝေဖန်ဆန်းစစ်ချက်ကိုကောက်ခံခဲ့ရတယ်လို့ဆိုပါတယ်။

Facebookဟာ ၂၀၁၄ ခုနှစ်မှာ နည်းပညာပိုင်းဆိုင်ရာကုမ္ပဏီဖြစ်တဲ့ Oculusကို ဝယ်ယူခဲ့ပြီးနောက်ပိုင်း လုပ်ဆောင်ချက်အသစ်တွေကို ထည့်သွင်းလာခဲ့ပါတယ်။

Facebookရဲ့ CEOဖြစ်တဲ့ မာ့ခ်ဟာ CEOနေရာဟာ ထိုင်နေရုံသက်သက်မဟုတ်ပဲ လူအများကရူးတယ်ထင်ရတဲ့အလုပ်တွေကို လုပ်နေရတာဖြစ်ပြီး အရာရာတိုင်းရဲ့ရှေ့ကို ကြိုရောက်နေဖို့မဖြစ်နိုင်ကြောင်းလဲပြောကြားခဲ့ပါတယ်။

Source: CNN

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။