အရှေ့မှာ ဖော်ပြခဲ့တဲ့ ကျန်းမာရေးဆောင်းပါးတွေမှာ အိပ်ချိန်တွေနည်းလို့၊ အိပ်ရေးတွေ မဝလို့ ဘယ်လို ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်လာတယ်ဆိုတာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်...။ တကယ်တော့ အိပ်ချိန်ဆိုတာ ခန္ဓာကိုယ်ရဲ့ပြန်လည်ပြုပြင်တာတွေ၊ ပြန်လည်ထုတ်လုပ်တာတွေ လုပ်တဲ့အချိန်ပဲဖြစ်ပါတယ်...။ ဒါကြောင့် အနားယူအိပ်စက်ချိန်တွေနည်းတယ်ဆိုရင် မကောင်းတဲ့နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာတာဖြစ်ပါတယ်...။
ဒါဆို များများအိပ်လေ ကောင်းလေပေါ့ဆိုတော့ အဲလိုလည်း မဟုတ်ပြန်ပါဖူး...။ ဘယ်အရာမဆို အစွန်းမရောက်ဘဲ သင့်တင့်မျှတတဲ့ အနေထားမျိုးက အကောင်းဆုံးပဲဖြစ်ပါတယ်...။ ဒါကြောင့် အိပ်ချိန်နည်းတာကလည်း မကောင်းသလို အိပ်ချိန်တွေ သိပ်များတာကလည်း မကောင်းပါဘူး...။ ဒါပေမယ့် အိပ်ချိန်များတာ၊ အအိပ်လွန်တာက ဘယ်လိုမကောင်းဘူးဆိုတာ သတိထားမိသူနည်းမယ်လို့ထင်ပါတယ်...။
အအိပ်လွန်တာဟာ ရောဂါတွေကိုဖြစ်စေနိုင်သလို ရောဂါတစ်ခုခုဖြစ်နေတဲ့ လက္ခဏာလို့လည်းပြောလို့ရပါတယ်...။ ဒီတော့ ကိုယ်ဟာ အအိပ်လွန်နေပြီလားဆိုတာ ပြန်ဆန်းစစ်ကြည့်ရအောင်...။ အိပ်ချိန်ဘယ်လောက်ဖြစ်နေရင် အအိပ်လွန်ပြီလို့ သက်မှတ်မလဲ...။ ၇ နာရီက နေ ၉ နာရီအတွင်းအိပ်ချိန်ဟာ အသက် ၁၈ နှစ်ကနေ ၆၄ နှစ်လူတွေအတွက် ပုံမှန်ဖြစ်ပါတယ်...။ ဒါပေမယ့် အိပ်ချိန် ၇ နာရီဝန်းကျင်လောက်က ပိုကောင်းတယ်လို့ ပြောရပါမယ်...။ ဘာလို့လဲဆိုတော့ ဒီလောက်အိပ်ချိန်ပမာဏဟာ ရောဂါဖြစ်နှုန်း၊ သေဆုံးနှုန်းတွေ အနည်းဆုံးဖြစ်ပြီး သက်ရှည်ကျန်းမာကာ ဦးနှောက်ကျန်းမာရေးအတွက် အကောင်းဆုံးအချိန်ကာလ ဖြစ်နေလို့ပါပဲ...။ ပြောရရင် ၉ နာရီဆိုတာ လိုအပ်တဲ့အိပ်ချိန်ကို ကျော်လွန်နေပါပြီ...။ တချို့လည်း အိပ်ချိန် ၇ နာရီကျော်လောက်မှ အိပ်ရေးဝကြပါတယ်...။ ၉ နာရီကျော်သွားတာကတော့ လုံးဝမကောင်းတော့ပါဘူး...။ ဒေါက်တာစိမ့်စမ်းဖြူရေးသားထားတဲ့ "အအိပ်လွန်နေပြီလား" ကျန်းမာရေးဆောင်းပါးမှ ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်...။
Source ဒေါက်တာစိမ့်စမ်းဖြူ
photo credit pngtree
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။