ပရိသတ်ကြီးကို ဒီတစ်ပါတ်တင်ဆက်ပေးမှာကတော့ လည်ပင်းနဲ့ ရင်ဘတ်က အသားအရေကို ဂရုစိုက်ဖို့လိုအပ်ကြောင်းနဲ့ အစိုဓာတ်ထိန်းနည်းလေးကို ပြောပြသွားမှာဖြစ်ပါတယ်...။ စာဖတ်ပရိသတ်ကြီးရေ လူတော်တော်များများက အသားအရေနဲ့ ပတ်သက်လို့ပြုပြင်ထိန်းသိမ်းကြတဲ့အခါမှာ မျက်နှာ၊ ခြေ၊ လက်ကို ဂရုတစိုက် လုပ်ကြပေမယ့် လည်ပင်းနဲ့၊ ရင်ဘတ်ကိုတော့ မေ့လျော့ထားတတ်ကြပါတယ်...။ မျက်နှာက ဘယ်လောက်ပဲ နုပျိုနေပါစေ လည်ပင်းတွေ၊ ရင်ဘတ်တွေမှာ အရေပြားတွေ လျော့တွဲကျနေရင် ဘာမှမထူးခြားတော့ဘဲ ဇရာကိုပိုလို့တောင် သိသာစေမှာဖြစ်ပါတယ်...။

Photo credit pngtree

ငယ်ရွယ်တုန်းမှာတင် ဂရုစိုက်ထိန်းသိမ်းပေးထားမှ အသက်ရလာတဲ့အခါ မယိုယွင်းတော့မှာ ဖြစ်ပါတယ်...။ တကယ်တော့ လည်ပင်းက အသားရေဟာ အရမ်းကိုထိခိုက်လွယ်တဲ့အတွက် ခြောက်သွေ့တာ၊ နေလောင်တာ၊ အသားရောင်မညီညာတာနဲ့ အစက်ပြောက်တွေက အလွယ်တကူနဲ့ ဖြစ်ပေါ်လေ့ရှိပါတယ်...။ ပုံမှန်ရေချိုးဆပ်ပြာတွေပဲသုံးမယ်ဆိုရင် လည်ပင်းကအသားရေတွေ ခန်းခြောက်စေတာမို့ ရေဓာတ်ဖြည့်ပေးနိုင်တဲ့ မျက်နှာသစ်ဆပ်ပြာကိုပဲ သုံးစေချင်ပါတယ်နော်...။

Photo credit pngtree

ပြီးတော့ အစိုဓာတ်ပါတဲ့ မျက်နှာလိမ်း ခရင်မ်လေးတွေ လိမ်းပေးရမှာဖြစ်ပါတယ်....။ အရမ်းကြီးခြောက်သွေ့နေတယ်ဆိုရင်တော့ တစ်လနှစ်ခါ mask လေးသုံးပေးရမှာဖြစ်ပါတယ်...။ ပျိုမယ်လေးတွေ အနေနဲ့ အစိုဓာတ်ထိန်းဖို့ကလည်း အင်မတန်ပင် အရေးကြီးပါတယ်...။ အသားရေခြောက်သွေ့ တာတွေက ဘယ်အချိန်မှာ ပိုဆိုးလဲဆိုတော့ ဆောင်းတွင်းဘက်မှာဖြစ်ပါတယ်...။ ဖြစ်နိုင်ရင်တော့ ဆောင်းတွင်းဘက် ကိုယ့်အခန်းထဲမှာအစိုဓာတ်ပေးတဲ့ humidifier လေးတပ်ဆင်ထားမယ်ဆိုရင် အသားရေခြောက်သွေ့ယားယံတာတွေကိုသက်သာစေတဲ့အပြင် အသက်ရှူရတာကိုလည်း ပိုအဆင်ပြေစေမှာဖြစ်ပါတယ်....။ ဒေါက်တာစိမ့်စမ်းဖြူရေးသားထားတဲ့ "အသားအရေအတွက်အစိုဓာတ်" ဆိုတဲ့ ကျန်းမာရေးဆောင်းပါးမှ ရင်ဘတ်နှင့် လည်ပင်းက အသားအရေကို ဂရုစိုက်ဖို့လိုအပ်ကြောင်းနှင့် အစိုဓာတ်ထိန်းဖို့အကြောင်းတို့ကို ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်...။

Source ဒေါက်တာစိမ့်စမ်းဖြူ

Photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။