ပရိသတ်ကြီးရေ....ဒီတစ်ပါတ်မှာတော့ ဆံကေသနက်မှောင်သန်စွမ်းဖို့အတွက် လိုအပ်သော ဓာတ်တွေနဲ့ ပတ်သက်ပြီး ဖော်ပြတင်ဆက်ပေးမှာဖြစ်ပါတယ်....။ ဆံပင်မွဲခြောက်တာတွေ၊ ကျွတ်တာတွေစတဲ့ စိတ်ညစ်စရာကိစ္စတွေနဲ့ အမျိုးသမီးကြီးငယ်၊ မရွေး ရင်ဆိုင်ကြုံတွေ့ရတတ်ပါတယ်...။ ဒါကြောင့်မလို့ ဆံကေသာသန်စွမ်းနက်ရှိုင်းဖို့အတွက် လိုအပ်သော အိုမီဂါသရီး၊ ဗီတာမင်ဓာတ်၊ ဇင့်နဲ့ဆီလီနီယမ်ဓာတ် တို့နဲ့ပတ်သက်ပြီးဆွေးနွေးတင်ဆက်ပေးမှာဖြစ်ပါတယ်...။

Photo Credit pngtree

အိုမီဂါသရီး - အိုမီဂါသရီးဖက်တီးအက်စစ်ကတော့ ကျွန်ုပ်တို့ခန္ဓာကိုယ်က မထုတ်လုပ်နိုင်တာကြောင့် အစားစာကနေပဲ ရရှိနိုင်တဲ့ အရေးပါတဲ့ အဆီဓာတ်တစ်မျိုးပဲ ဖြစ်ပါတယ်...။ အိုမီဂါသရီးကို ဦးရေပြားကိုကာရံထားတဲ့ဆဲလ်တွေမှာတွေ့ရတဲ့အပြင် ဆံပင်နဲ့ ဦးရေပြားကို ရေဓာတ်ဖြည့်ပေးတာကိုလည်း တွေ့ရပါတယ်...။ ဒါကြောင့် ဆံသားလေးတွေ စိုပြေတောက်ပပြီး ပျော့ပြောင်းနေဖို့အတွက် အိုမီဂါသရီးအဆီဓာတ်ပါတဲ့ အစားစာတွေကို စားပေးဖို့လိုအပ်ပါတယ်...။ ငါးကြီးဆီဖြစ်တာကြောင့် ဆယ်မွန်ငါး၊ ဆာဒင်းငါး၊ ထောပတ်သီး၊ ရွှေဖရုံသီး၊ အခွံမာသီးတွေကို စားရင် အိုမီဂါသရီးအဆီဓာတ်ကို ရရှိနိုင်မှာဖြစ်ပါတယ်....။

Photo Credit pngtree

ဗီတာမင်အေ - ကျွနု်ပ်တို့ခန္ဓာကိုယ်က "Sebum" လို့ခေါ်တဲ့ အဆီလွှာထုတ်ဖို့အတွက် ဗီတာမင်အေ လိုအပ်ပါတယ်...။ "Sebum" ဆိုတာ ဆံပင်ရဲ့အဆီအိတ်လေးတွေကထုတ်တာဖြစ်ပြီး ဆံပင်ကို ပျော့ပျောင်းစွာ ဦးရေပြားကို ကျန်းမာစေတဲ့ သဘာဝ "conditioner" ပဲဖြစ်ပါတယ်...။ ဒီအဆီလွှာလေးမရှိရင် ဦးရေပြားခြောက်သွေ့ယားယံတာတွေ၊ ဆံကေသာ ခြောက်သွေ့ကြမ်းတမ်းတာတွေ ဖြစ်လာပါမယ်...။ အသားငါးတွေအပြင် အဝါရောင်၊ လိမ္မော်ရောင်ရှိတဲ့ အသီးအနှံတွေ၊ ဘီတာကယ်ရိုတင်းကြွယ်ဝတဲ့ အသီးနှံတွေဖြစ်တဲ့ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ ရွှေဖရုံသီး၊ ကန်စွန်းဥ စတာတွေကနေ ဗီတာမင်အေဓာတ်ကို ရရှိနိုင်ပါတယ်နော်....။ ဇင့်နဲ့ဆီလီနီယမ်ဓာတ် - ဦးရေပြားကျန်းမာရေးအတွက် နောက်ထပ်အရေးပါတဲ့ သတ္တုဓာတ်တွေကတော့ ဇင့်နဲ့ ဆီလီနီယမ်ပဲဖြစ်ပါတယ်....။ ဇင့်ဓာတ်ချို့တဲ့ရင် ဦးရေပြားခြောက်သွေ့ပြီး ဗောက်ထနိုင်ပါတယ်....။ ပြုပြင်ထားတဲ့ အစေ့အနှံတွေ၊ အမဲသား၊ ဥအမျိုးမျိုးကနေ သွပ်ဓာတ်ခေါ်ဇင့်ကို ကောင်းစွာရရှိနိုင်ပါတယ်.....။ ဒေါက်တာစိမ့်စမ်းဖြူရေးသားထားတဲ့ "ဆံကေသာကျန်းမာသန်စွမ်းလှပဖို့" ကျန်းမာရေးဆောင်းပါးမှ ဆံကေသာကို ကောင်းမွန်စွာ အထောက်အကူပြုကြတဲ့ အိုမီဂါသရီး၊ ဗီတာမင်အေ၊ ဇင့်နဲ့ဆီလီနီယမ်ဓာတ် တို့နဲ့ ပတ်သက်ပြီး ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်...။

Source ဒေါက်တာစိမ့်စမ်းဖြူ

Photo Credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။