၂၀၁၇ ဆီးဂိမ်းစ်ပြိုင်ပွဲတွင်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းနှင့် မလေးရှား ယူ- ၂၂ အသင်း ဒီဇင်ဘာ ၉ ၁၂ ရက်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်။

ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် မလေးရှားဘောလုံးအဖွဲ့ချုပ်သည် ခြေစမ်းပွဲယှဉ်ပြိုင်ကစားရန် ကမ်းလှမ်းမှုများပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က လက်ခံခဲ့ခြင်းဖြစ်သည်။ ထိုပွဲသည် မြန်မာ ယူ- ၂၂ အသင်းအတွက် ပထမဆုံး နိုင်ငံတကာခြေစမ်းပွဲလည်းဖြစ်သည်။

မလေးရှား ယူ- ၂၂ အသင်းသည် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ( ၂၉ ) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အောင်မြင်မှုရရှိရန်ပြင်ဆင်လျက်ရှိပြီး ပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲများယှဉ်ပြိုင်ရန် စီစဉ်ထားသည်။ မလေးရှားအသင်းသည် ၂၀၁၁ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိပြီးနောက်ပိုင်း ဆီးဂိမ်းစ်ပြိုင်ပွဲများတွင် အောင်မြင်မှုနှင့်ဝေးကွာလျက်ရှိပြီး စင်ကာပူနိုင်ငံ၌ ကျင်းပသည့် ၂၀၁၅ ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရကြောင်း သိရသည်။

Source: Local Sports News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။