ကိုယ်ပြုမူနေထိုင်နေတဲ့ Lifestyles ပုံစံတွေက မှားယွင်းနေမယ်ဆိုရင် အလွယ်တကူမောပန်နွမ်းနေတာ၊ အလုပ်အများကြီးမလုပ်ရဘဲ ပင်ပန်းနွမ်းနယ်နေတာမျိုးဖြစ်တတ်ပါတယ်...။ အိပ်ရေးပျက်တာ၊ အိပ်ရေးမဝတာကြောင့်လို့ပဲ ထင်နေတတ်ကြပါတယ်...။ ဟုတ်တော့ဟုတ်ပါတယ် ဒါပေမယ့် အဲ့ဒါတစ်ခုတည်းကြောင့်တာမဟုတ်ပါဖူးနော်...။ နားရက်မှာတောင် အလုပ်လုပ်ခြင်း၊ အရက် (သို့) ဝိုင်သောက်ခြင်း၊ ကဖင်းဓာတ်လွန်ကဲစွာသောက်သုံးခြင်းစတဲ့ လူနေမှုပုံစံတွေက မိမိခန္ဓာကိုယ်ကို ဘယ်လိုသက်ရောက်မှုရှိလည်းဆိုတာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်...။

photo credit pngtree

(၁) နားရက်မှာတောင် အလုပ်လုပ်ခြင်း - ကိုယ်ဟာ ပိတ်ရက်မှာတောင် မနားဘဲ အလုပ်ကြိုးစားလွန်းတဲ့လူမျိုးဆိုရင်တော့ ကိုယ့်ကိုယ်ကိုဂရုစိုက်ပေးဖို့ လိုနေပါပြီ...။ အီလက်ထရောနစ်ပစ္စည်းတွေကို တောက်လျှောက်အသုံးပြုတဲ့အခါ ဝါယာကြိုးတွေ heat တက်ပြီး ရှော့ရသလိုမျိုးပေါ့နော်...။ နားရက်မှာတောင် အီးမေးလ်တွေစစ်၊ ရုံးကယူလာတဲ့ စာရင်းဇယားတွေ လုပ်နေဦးမယ်ဆိုရင် over heating ရတဲ့ မော်နီတာစက်လိုမျိုး ဦးနှောက်ဟာ ထူပူပြီး ရွှင်ရွှင်လန်းလန်းရှိတော့မှာ မဟုတ်ပါဘူး...။ သူ့အချိန်နဲ့သူနားပြီးမှ အလုပ်ပြန်လုပ်မယ်ဆိုရင်တော့ ပင်ပန်းနွမ်းနယ်တဲ့ ခံစားချက်မျိုး မရှိတော့ဘဲ တီထွင်နိုင်စွမ်းတွေ၊ ဆုံးဖြတ်နိုင်စွမ်းတွေ၊ စွမ်းဆောင်ရည်တွေ ပိုလို့တောင် တက်လာမှာဖြစ်ပါတယ်...။

photo credit pngtree

(၂) အရက် (သို့) ဝိုင်သောက်ခြင်း - အရက်တစ်ခွက်၊ ဝိုင်တစ်ခွက်က ကျန်းမာရေးအတွက်ကောင်းစေတယ်ဆိုပြီး မအိပ်ခင် အရက်တစ်ခွက်၊ ဝိုင်တစ်ခွက်သောက်မယ်ဆိုရင်မလိုလားအပ်တဲ့နောက်ဆက်တွဲတွေ ဖြစ်လာပါလိမ့်မယ်...။ အယ်လ်ကိုဟောဓာတ်ဟာ ခန္ဓာကိုယ်တွင်းမှာ "adrenaline" ကို ဆောင့်တက်လာစေပြီး ညကြီးသန်းခေါင်ကျော် သုံးလေးနာရီမှ လန့်နိုးလာတာမျိုးတွေကို ဖြစ်စေပါတယ်...။ ဒါဆိုရင် လုံလောက်တဲ့ အနားယူမှုမျိုးကို ပြည့်ပြည့်ဝဝမရတဲ့အတွက် မနက်ခင်း သွားလာလှုပ်ရှားနေသမျှ ပင်ပန်းနွမ်းနယ်နေမှာဖြစ်ပါတယ်...။ (၃) ကဖင်းဓာတ်လွန်ကဲစွာသောက်သုံးခြင်း - မနက်တိုင်း ကော်ဖီတစ်ခါက်လောက် သောက်ရုံနဲ့ကတော့ ညအိပ်မပျော်တာနဲ့ ပင်ပန်းနွမ်းနယ်တာတွေကို မဖြစ်စေပါဘူး...။ တစ်နေ့လုံး ကော်ဖီကို မကြာခဏ သောက်နေတတ်တဲ့သူတွေ ဆိုရင်တော့ နေ့စဉ် ပင်ပန်းနေတတ်ပါတယ်...။ ကဖင်းဓာတ်ဟာ "active cells" တွေရဲ့ ဘေးထွက်ပစ္စည်းဖြစ်တဲ့ အဒီနိုစင်း "adenosine" ကိုသွားပိတ်ပါတယ်...။ အဒီနိုစင်းဟာ အိပ်ချင်အောင် လှုံ့ဆော်ပေးပါတယ်...။ မအိပ်ခင် ၆ နာရီအကွာလောက်ကသောက်တဲ့ ကော်ဖီကတောင် သက်ရောက်ဟန့်တားမှုတွေ ရှိနေနိုင်တဲ့အတွက် ကော်ဖီအသောက်များတဲ့ ကော်ဖီချစ်သူတွေဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူတာတွေနည်းပါးပြီး ပင်ပန်းနွမ်းနေတတ်တာဖြစ်ပါတယ်...။ ဒေါက်တာစိမ့်စမ်းဖြူရေးသားထားတဲ့ "မောပန်းနွမ်းနယ်လွယ်ခြင်း" ကျန်းမာရေးဆောင်းပါးမှ နားရက်မှာတောင် အလုပ်လုပ်ခြင်း၊ အရက် (သို့) ဝိုင်သောက်ခြင်း၊ ကဖင်းဓာတ်လွန်ကဲစွာသောက်သုံးခြင်းစတဲ့ အကြောင်းအရာပြည့်စုံကို ပြန်လည်ကူးယူမျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်...။

Source ဒေါက်တာစိမ့်စမ်းဖြူ

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။