မွေးရာပါအမှတ်တွေက တစ်ခုနဲ့တစ်ခု အရွယ်အစား၊ အရောင်၊ ပုံသဏ္ဍာန် တွေ မတူကြပါဘူး...။ အုပ်စုခွဲခြားမယ်ဆိုရင် အဓိကနှစ်မျိုးရှိပါတယ်...။ ရောင်ခြယ်ပစ္စည်းတွေများပြီး အရောင်ရင့်ရင့်ဖြစ်နေတဲ့ မွေးရာပါအမှတ်အမျိုးအစားရယ်၊ သွေးကြောအမှတ်အသားတွေရယ်ဖြစ်ပါတယ်။ ဒီအမှတ်တွေက ယေဘုယျအားဖြင့် အန္တရာယ်လည်းမရှိသလို နာကျင်မှုလည်းမရှိပါဖူး...။ ဒါပေမယ့် ကိုယ့်မှာရှိတဲ့ အမှတ်တစ်ခုခုကို ဖျတ်ပစ်ချင်တယ်ဆိုရင် ဆေးဝါးတွေ၊ နည်းပညာတွေနဲ့ ပျောက်အောင်လုပ်တဲ့နည်းလေးကို တင်ဆက်ပေးမှာဖြစ်ပါတယ်...။

photo credit pngtree

ဆေးဝါးအကူအညီ - ဆေးထဲမှာဆိုရင်တော့ "corticosteroide" ဆေးတွေ သောက်တာ၊ မွေးရာပါအမှတ်ရှိတဲ့နေရာကို အဲဒီဆေးတွေ ထိုးတာ၊ လိမ်းတာ တွေလုပ်လို့ရပါတယ်...။ သွေးကြောကြောင့် ဖြစ်တဲ့ "Hemangioma"လို သွေးကြောအမှတ်တွေဆိုရင်တော့ "propranolol" and "vincristine" ဆေးတွေ သုံးရမှာဖြစ်ပါတယ်...။ အိုင်အိုဒင်း ပျော်ရည်ကို တစ်နေ့နှစ်ကြိမ်လိမ်းပေးရင်လည်း လျော့ပါးသက်သာစေမှာဖြစ်ပါတယ်...။ လေဆာကုထုံး - လေဆာကုထုံးကတော့ သွေးကြောအမှတ်တွေကို အရွယ်အစားသေးငယ်စေပြီး ထပ်မကြီးလာတော့အောင် တားထားနိုင်ပါတယ်...။ လေဆာပစ်ပြီး အမှတ်ရဲ့အရောင်ကိုလည်း ဖျော့စေပါတယ်၊ အရွယ်အစားကိုသေးငယ်စေရာကနေ တဖြည်းဖြည်း ပျောက်လုနီးဖြစ်တဲ့အထိ ကုသလို့ရပါတယ်...။ ရောဂါကြောင့်ဖြစ်တာတွေကိုတော့ ရောဂါကို ကုမှသာ ပျောက်အောင်လုပ်လို့ရမှာပါ...။ လုံးဝပျောက်အောင် လုပ်ဖို့ကတော့ မဖြစ်နိုင်ပေမယ့် အကြိမ်ကြိမ်လုပ်ရင်တော့ တော်တော်လေးသိသာလာတာကို တွေရမှာပါ...။

photo credit pngtree

လေဆာကုထုံးဟာ တစ်ကြိမ်တစ်ခါနဲ့ပြီးတာမဟုတ်ဘဲ အကြိမ်ရေတွေလိုတာမို့ ငွေကုန်ကြေးကျတော့ များနိုင်ပါတယ်...။ PDT ခေါ် အရေပြားကင်ဆာကိုကုတဲ့ "Photodynamic Therapy" ကိုလည်း အမှတ်ဖယ်ရှားတဲ့နေရာမှာ သုံးတာလည်းရှိပါတယ်...။ နှစ်မျိုးစလုံးကတော့ အောင်မြင်မှုရာခိုင်နှုန်းတွေ များတာကိုတွေ့ရပါတယ်...။ နောက်တစ်နည်းကတော့ "Cryosurgery" ပါ...။ အမှတ်ကို နိုက်ထရိုဂျင်အရည်နဲ့ခဲစေပြီး "curette" ဆိုတဲ့ ပစ္စည်းနဲ့ ခွာချတဲ့နည်း၊ ခြစ်ချတဲ့နည်းကိုသုံးတာပါ...။ နောက်ဆက်တွဲအနေနဲ့ အမာရွတ်ကျန်တာ၊ အသားရေ ဖြူကွက်နေတာမျိုးတော့ ဖြစ်တတ်ပါတယ်...။ ခွဲစိတ်ဖယ်ရှားတာ - နောက်ဆုံးတစ်နည်းကတော့ အမှတ်ရှိနေတဲ့အရေပြားကို ဖြတ်တောက်ဖယ်ရှားလိုက်တာပါပဲ။ မွေးရာပါအမှတ်ရဲပ အရွယ်အစားအပေါ်မူတည်ပြီး အမာရွတ်တော့ ကျန်ကောင်းကျန်နိုင်ပါတယ်။ ဒီနည်းဟာ အသေးစားခွဲစိတ်မှုဆိုပေမယ့်လည်း ထုံဆေးမပေးမီ လူနာကို စစ်ဆေးစရာရှိတာတွေတော့ စစ်ဆေးရပါတယ်။ အထူးသဖြင့် မှဲ့တို့၊ သွေးကြောအမှတ် Haemangioma တို့ဆိုရင် ခွဲစိတ်ဖယ်ရှားလေ့ရှိပါတယ်။ ဒေါက်တာစိမ့်စမ်းဖြူရေးသားထားတဲ့ "မွေးရာပါအမှတ်တွေကို ဖြတ်ချင်လား" ဆိုတဲ့ကျန်းမာရေးဆောင်းပါးမှ ဆေးဝါးတွေ၊ နည်းပညာတွေနဲ့ အမှတ်တွေ ပျောက်အောင်လုပ်တဲ့နည်းလေးကို ပြန်လည်ကူးယူဝေမျှလိုက်ခြင်းဖြစ်ပါတယ်...။

source ဒေါက်တာစိမ့်စမ်းဖြူ

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။