ဆံပင်တစ်ချောင်းချင်းစီဟာ ဆံပင်အိတ်လေး "follicles" တွေနဲ့ကပ်တွယ်ပြီး ဦးရေပြားမှာ ပေါက်နေကြတာဖြစ်ပါတယ်...။ အကြမ်းအားဖြင့် လူတစ်ယောက်ရဲ့ ဦးခါင်းမှာ ဆံပင်အိတ် တစ်သိန်းကနေ သုံးသိန်းခွဲလောက်အထိရှိကြပါတယ်...။ ဒီဆံပင်အိတ်လေးတွေဟာ သက်တမ်းအားဖြင့် ရက်တစ်ထောင် (၃ နှစ်) ရှိပြီး ဒါကလည်း လူတစ်ယောက်နဲ့တစ်ယောက် အသက်အရွယ်၊ စားသောက်နေထိုင်ပုံနဲ့ ကျန်းမာရေးအခြေနေပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါတယ်...။ ကျွန်မတို့ရဲ့ဆံသားတွေကို ကယ်ရတင် "Keratin" လို့ခေါ်တဲ့ ပရိုတင်းဓာတ်တစ်မျိုးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်...။ "Keratin"ကို အရေပြားရဲက တခြားအလွှာတွေနဲ့ ခြေသည်းလက်သည်းတွေမှာလည်း တွေ့ရပါသေးတယ်...။

photo credit pngtree

ဆံပင်တစ်ချောင်းချင်းစီကို ခွဲကြည့်မယ်ဆိုရင် (၁) - အပြင်ဘက်ဆုံးက ခပ်ပါးပါးနဲ့ အရောင်မရှိတဲ့ Cuticle လို့ခေါ်တဲ့ အကာကွယ်အလွှာပါးလေးရယ်၊ (၂) - Cortex ဆိုတဲ့ မယ်လနင်ခေါ် ဆံပင်ကို အနက်ရောင်ဖြစ်စေတဲ့ ဓာတ်ပါတဲ့အလွှာရယ်၊ (၃) - Medulla ခေါ် အလင်းရောင်ပြန်တဲ့ အတွင်းဘက်ဆုံးအလွှာရယ် ဆိုပြီး သုံးပိုင်းတွေ့ရှိရမှာဖြစ်ပါတယ်...။ ဆံပင်ဘယ်လောက်အထိ ရှည်နိုင်လဲဆိုတာက ဆံပင် ကြီးထွားတဲ့ကာလအပိုင်းခြားနဲ့အများကြီး သက်ဆိုင်ပါတယ်နော်...။ ဒါကလည်း တစ်ယောက်နဲ့ တစ်ယောက်တူမှာ မဟုတ်ပါဘူး...။ နေ့စဉ်နဲ့အမျှ ဆံပင်ရှင်းတာ၊ ဖြီးတာ၊ ခေါင်းလျှော်တာ၊ ဆေးဆိုးတာ၊ ပုံသွင်းတာတွေ အပေါ်မူတည်ပြီး ဆံပင်ကျွတ်လေ့ရှိတာက ပုံမှန်ဖြစ်ပါတယ်...။ ဒီလိုဆံပင်တွေကျွတ်လို့ ဆံပင်အုံထူသွားတာ၊ ပါးသွားတာတွေက သိပ်အပြောင်းအလဲမရှိပါဘူး...။ ဒါပေမယ့် ကျွတ်တဲ့ပမာဏက ပြန်ပေါက်တာထက်များနေရင်တော့ သေချာပေါက် ဆံပင်တွေ ပါးလာပါလိမ့်မယ်...။ ဆံပင်ရဲ့ သက်တမ်းအေပေါ်မှာ ကိုယ်သောက်နေတဲ့ ဆေးတွေ၊ ဓာတုပစ္စည်းတွေ၊ ဟော်မုန်းတွေ၊ ရောဂါတွေ၊ စိတ်ဖိစီးမှုဒဏ်တွေ၊ အာဟာရဓာတ်တွေနဲ့ အများကြီး သက်ဆိုင်နေတာဖြစ်ပါတယ်...။

photo credit pngtree

ဆံကေသာဟာ အရေပြားလိုပါပဲ ကျွနု်ပ်တို့ကျန်းမာရေးနဲ့ သက်ဆိုင်နေတာဖြစ်ပါတယ်...။ ဆံခြည်တစ်နွယ်ချင်းစီကို ဖွဲ့စည်းထားတဲ့ဆဲလ်လေးတွေဟာ အာဟာရဓာတ်တွေ ပြည့်ပြည့်ဝဝရနေဖို့ လိုအပ်ပါတယ်...။ ဆံပင်ကျွတ်တယ်ဆိုတာကတော့ သဘာဝဖြစ်စဉ်တစ်ခုပါနော်...။ ဒါပေမယ့် အလွန်အကျွံဖြစ်လာရင်တော့ ဘာကြောင့် ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကိုလိုက်ရှာပြီး ပြန်လည်ကုသဖို့ လိုအပ်လာပြီဖြစ်ပါတယ်...။ အစားအသောက်ကြောင့်ဆိုရင်တော့ ပရိုတင်း (အသားဓာတ်)၊ ဗီတာမင် (သက်စောင့်ဓာတ်)တွေနဲ့ သတ္တုဓာတ်တွေကို မျှတအောင် ပြန်လည်စားသောက်ပေးမယ်ဆိုရင် မိန်းကလေးတိုင်းတောင့်တတဲ့ ကျန်းမာသန်စွမ်းပြီး တောက်ပြောင်တဲ့ ဆံနွယ်မျိုးကို ရရှိစေမှာဖြစ်ပါတယ်...။ ဒေါက်တာစိမ့်စမ်းဖြူရေးသားထားတဲ့ "ဆံကေသာကျန်းမာသန်စွမ်းလှပဖို့" ကျန်းမာရေးဆောင်းပါးမှ ဆံပင်ဖွဲ့စည်းပုံ၊ ဆံကေသာကျန်းမာသန်စွမ်းဖို့နဲ့ ပတ်သက်ပြီး မိန်းကလေးတိုင်းသိထားသင့်တဲ့ အကြောင်းအရာကို ပြန်လည်ကူးယူဝေမျှလိုက်ခြင်းဖြစ်ပါတယ်...။

Source ဒေါက်တာစိမ့်စမ်းဖြူ

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။