ဒေါက်တာစိမ့်ရဲ့ ပရိသတ်တစ်ဦးက "ညီမရဲ့မျက်နှာမှာ ဝက်ခြံအဆီဖုလေးတွေအများကြီးပေါက်နေတာကြာပြီ ဆေးခန်းမှာပြတာ သုံးလလောက်သာကြာသွားတယ် မပျောက်ဖူး...။ သူပေးတဲ့လိမ်ဆေးတွေလိမ်းနေတုန်း သက်သာပေမယ့်လေ သူ့ဆေးတွေကအရေပြားကိုစားသလိုဖြစ်ပြီး မျက်နှာကိုတစ်ရှုးနဲ့သုတ်ရင်တောင်အရမ်းနာလို့ ဆေးခန်းမသွားတော့ဘူး...။ အခုမျက်နှာမှာပြန်ထွက်နေတယ်ဝက်ခြံတွေက ညီမဘယ်လိုလုပ်ရမလဲပြောပြပေးပါနော်...။ အခုအဆီဖုသေးသေးလေးတွေကမျက်နှာအနှံ့ပေါက်နေတယ်...။ အရင်ထဲကချွေးပေါက်ကျယ်ပြီး အဆီပြန်တဲ့အသား၊ ဆယ်တန်းလောက်တုန်းကတော့ဝက်ခြံတွေထွက်ဖူးပေမယ့် ပျောက်သွားတာကြာပြီ...။ အခုတစ်ခါပြန်ဖြစ်တော့တော်တော်ဆိုးတယ်...။ အဖုသေးသေးလေးတွေက ပါးနှစ်ဖက်နဲ့ နဖူးတွေမှာပါပေါက်နေတယ်..." ဆိုပြီး သူမရဲ့ ဝက်ခြံပြဿနာကို ဖြေရှင်းဖို့အတွက် ဒေါက်တာစိမ့်ကို မေးမြန်းထားတာဖြစ်ပါတယ်...။

photo credit pngtree

ဒေါက်တာစိမ့်က သူမရဲ့ ပရိသတ်ညီမထံ "Steroid တွေပါမယ်ထင်တယ်...။ အစ်မလုပ်တာတွေလုပ်ကြည့်မလား...။ အစ်မ မျက်နှာအခုဆိုရင် ဘာအဖုမှမထွက်တော့ဘူး...။ အလက်ဂျီတွေလည်း လုံးဝမဖြစ်တော့ဘူး...။ အစ်မက နံပါတ်(၁) ရှားစောင်းလက်ပက် အနှစ်ကိုလိမ်းတယ်...၊ များများနဲ့ထူထူလိမ်းတယ်...။ အနှစ်ကိုလိမ်းပီးထားထားတာ ခြောက်သွားရင် နောက်တစ်ထပ် လိမ်းတယ်...။ ပြီးရင် အိပ်လိုက်တယ်။ အပြင်မသွားဖြစ်ရင် တစ်နေကုန် အဲဒါပဲလိမ်းတယ်...။ မနက်လင်းတာနဲ့မျက်နှာသစ်၊ အဲဒါလိမ်း။ ရေချိုးပြီးတာနဲ့ပြန်လိမ်း။ တခါတလေကျရင် လိမ်းထားတဲ့အနှစ်က တင်းတင်းခြောက်ခြောက်လေးဖြစ်သွားရင် သံလွင်ဆီအပေါ်ကထပ်လိမ်းပြီး အိပ်ပါတယ်။ ရှားစာင်းလက်ပက်နေရာမှာ ခရမ်းချဉ်သီးအနှစ်သုံးလို့လည်း ရပါတယ်...။ နံပါတ်(၂)အနေနဲ့ ရေခဲသေတ္ထာထဲထားထားတဲ့ သခွားသီးအေးအေးလေးကို အကွင်းလိုက်လေးပါးပါးလေးလှီးပီး မျက်နှာသစ်ပီးသားပေါ်မှာ အပြည့်တင်ထားပါ...။ ပက်လက်အနေထားနဲ့ပေါ့နော်...။ ပြီးရင် အဲ့အတိုင်းကြီး အိပ်လိုက်ပါ...။ စိုစိုကြီးတော့ ဖြစ်ပေမယ့် သခွားသီးအရည်လေးတွေက အသားထဲစိမ့်ဝင်သွားတယ် အိပ်လိုက်တော့ အရေပြားက "repair process" တွေ ကောင်းကောင်းလုပ်နိုင်တယ်...။ မနက်လင်းတာနဲ့အဖုလေးတွေချပ်နေတာတွေ့လိမ့်မယ်...။ ဒါမှမဟုတ် ၁ နာရီ ၂ နာရီလောက်ကပ်ထားပြီး ပြန်ခွာလိုက်၊ မျက်နှာမသစ်ဘဲ သံလွင်ဆီထပ်လိမ်းပြီး အိပ်ပါ...။ သခွာသီးက မျက်နှာကအပူတွေကို စုပ်ယူသွားတော့ မနက်ကျရင် သခွားသီးဖက်တွေက ခြောက်နေရော။ ညတိုင်းမကပ်နိုင်ရင်တောင် တရက်ခြားတော့ကပ်ပေးပါနော်...။ ပြီးတော့ တပတ် ၂ခါလောက် လုပ်ကြည့်ချင်ရင်လုပ်ရမှာက ဆနွင်းစစ်စစ်ကို နွားနို့အစိမ်းနဲ့ရောမွှေပီး ခပ်ပြစ်ပြစ်အနှစ်ကို မျက်နှာမှာ လိမ်းပေးပါ...။ ခြောက်သွားရင် ရေအေးအေးလေးနဲ့ဆေးပြီး "moisture" တခုလိမ်းပါ..။ ရှားစောင်းလက်ပက်လိမ်းလည်းကောင်းပါတယ်...။" ဆိုပြီး အခုလိုပဲ ဝက်ခြံပျောက်ကင်းဖို့ နည်းလမ်းလေးကို သေချာစွာ ပြန်လည်ဖြေကြားထားတာဖြစ်ပါတယ်...။

photo credit pngtree

ဒါ့အပြင် ဒေါက်တာစိမ့်က "Toner သုံးရင် Alcohol free သုံးပါ...။ Facial foam က "Nature Republic"ကထုတ်တဲ့ "Hawaii series" ထဲကဟာသုံးပါ...။ ပုံမှန်လေးသုံးပေး ဝက်ခြံတကယ်ပျောက်ပါတယ်...။ ဒီနည်းတွေက ရပ်လိုက်လို့လည်း ဆေးဖြတ်သလိုမျိုး side effects တွေမရှိပါဘူး...၊ သဘာဝနည်းက safe ဖြစ်ပါတယ်...။ ဥုံဖွဆိုပြီး ချက်ချင်း မသက်သာတော့ စိတ်တော့ရှည်ရတာပေါ့လေ...။ တစ်ခုရှိတာက ရှားစောင်းလက်ပက်နဲ့မတည့်တဲ့သူဆို အဲ့နည်းကိုမသုံးပါနဲ့နော်...။ သောက်ရမှာက တစ်နေ့ရေသန့်ဗူး ၃ ဗူးကနေ ၅ဗူးထိသောက်ရမယ် ဆေးအနေနဲ့ကတော့ "Vitacee+ evening primrose" ကို နေ့တိုင်းသောက်ပေးပါ...။" ဆိုပြီး အခုလိုပဲ အလှအပနဲ့ကျန်းမားရေးဆိုင်ရာ နည်းလမ်းကောင်းလေးတွေကို အကြံဉာဏ်ပေးဖော်ပြထားတာဖြစ်ပါတယ်....။ စာဖတ်ပရိသတ်ကြီးအတွက် ဒေါက်တာစိမ့်ရဲ့ အမေးအဖြေကဏ္ဍလေးမှ သိရှိရတဲ့ ရှားစောင်းလက်ပက်၊ ခရမ်းချဉ်သီး၊ သခွားသီး၊ အခြားသဘာဝနည်းလမ်းလေးတွေက ဝက်ခြံကုသရာတွင် အသုံးဝင်ကြောင်းကို ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်...။

Source ဒေါက်တာစိမ့်စမ်းဖြူ

photo credit pngtree 

photo credit pngtree
photo credit For Your Health For Your Beauty facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။