ဗိုက်မှာရှိတဲ့အဆီတွေက ကြည့်ရဆိုးစေရုံသာမကဘဲ အမျိုးစား၂ဆီးချိုရောဂါနဲ့ နှလုံးရောဂါဖြစ်ဖို့ကို လည်း ဆက်စပ်မှုရှိနေပါတယ်...။ ဒါကြောင့် ဝမ်းဗိုက်ကအဆီတွေချမယ်ဆို သက်ရှည်ကျန်းမာဖို့အတွက် အကျိုးကျေးဇူးများစွာဖြစ်စေပါတယ်...။ ဗိုက်အဆီကို ခါးပတ်လည်အချင်းအတိုင်းတာနဲ့ ခန့်မှန်းတွက် ချက်လေ့ရှိပါတယ်...။ အိမ်မှာ ကိုယ့်ဘာသာ ပေကြိုးနဲ့ တိုင်းကြည့်လို့ရပါတယ်...။ အမျိုးသားတွေမှာဆိုရင် လက်မ ၄၀ နဲ့ အမျိုးသမီးတွေမှာ ၃၅ လက်မ ကျော်ရင် အဝလွန်တယ် သက်မှတ်ပါတယ်။ ကိုယ့်ရဲ့ ခါးပတ်လည်မှာ အဆီပိုတွေရှိနေရင် ကျန်းမာရေးကို မထိခိုက်သေးပေမယ့်လည်း ဖယ်ရှားဖို့ကြိုးစားသင့်ပါတယ်နော်....။
ဒီလို ဗိုက်ကအဆီတွေချဖို့ နည်းလမ်းကောင်းတွေကို ဝေမျှပေးမှာဖြစ်ပါတယ်...။ ပထမဦးဆုံးအနေနဲ့ သကြားအပါအဝင် အချိုတွေ၊ ဖျော်ရည်တွေ ကို ရှောင်ရမှာပါ...။ ထည့်သွင်းထားတဲ့သကြားတွေက ကျန်းမာရေးအတွက် မကောင်းပါဘူး...။ ဇီဝရုပ်ဖြစ်စဉ်တွေအပေါ်မှာ ဆိုးကျိုးသက်ရောက်မှုတွေရှိတာကို လေ့လာတွေ့ရှိရပါတယ်...။ သကြားက ဂလူးဂိုစ့်ဓာတ်တဝက်၊ ဖရူးတို့တဝက် ပါဝင်ပြီး "Fructose" အများစုဟာ အသည်းမှာ ခြေဖျတ်လေ့ရှိပါတယ်...။ ဒါကြောင့် သကြားအများကြီးစားတဲ့အခါ အသည်းမှာ "fructose" ဓာတ်တွေအများကြီး စုလာပြီး အဆီအဖြစ်ကို ပြောင်းလဲသိုလှောင်ပါတော့တယ်...။ ဒီအချိုတွေ၊ သကြားတွေ စားမိတာကြောင့် ဖြစ်လာတဲ့အဆီတွေက ဝမ်းဗိုက်နဲ့အသည်းမှာ အများကြီးလာစုပြီး ဗိုက်ပူလာတော့တာပါပဲ....။ ရေရှည်မှာ အင်ဆူလင်ဓာတ်မတိုးတော့ဘဲ ကျန်းမာရေးနောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာပါတော့တယ်...။
သကြားအရည်က ပိုဆိုးတယ်တောင် ပြောရမှာဖြစ်ပါတယ်...။ ဒါကြောင့် အချိုရည်တွေ၊ ဖျော်ရည်တွေ သောက်တဲ့အခါ ပိုလို့တောင် ကယ်လိုရီတွေ တက်လာစေပါတယ်...။ ပြီးတော့ ကလေးတွေ အချိုရည်ကို နေ့စဉ်သောက်သုံးတာဟာ အဝလွန်စေဖို့ ၆၀ ရာခိုင်နှုန်းပိုများစေပါတယ်..။ ကိုယ် နေ့စဉ်စားသောက်နေ တာတွေကို တတ်နိုင်သမျှ အချိုလျော့ချပြီး အချိုရည်တွေကိုလည်း လုံးဝစွန့်လွှတ်ဖို့လိုအပ်တာဖြစ်ပါတယ်...။ အချိုရည်ဆိုရာတွင် သကြားထည့်သွင်းထားတဲ့ အဖျော်ယမကာ အားလုံး၊ ဆိုဒါ၊ သစ်သီးဖျော်ရည်နဲ့ အချိုဓာတ်ကဲတဲ့ အားဖြည့်အချိုရည်တွေ အားလုံးအကြုံးဝင်ပါတယ်...။ သစ်သီးဖျော်ရည်ထက် သစ်သီးကို စားသုံးပေးတာက အမျှင်ဓာတ်အပြည့်အဝရရှိစေပြီး "fructose" သကြားဓာတ်ရဲ့ မကောင်းတဲ့ရလဒ်တွေကို ချေဖြတ်ပေးတာဖြစ်ပါတယ်...။ ပြီးတော့ သစ်သီးကရတဲ့ ဖရူးတို့ဓာတ်ဟာ အချိုဓာတ်တွေပါဝင်တဲ့ အစားသောက်တွေနဲ့ယှဉ်ရင် မပြောပလောက်ပါဘူးနော်...။ ပြုပြင်ထားတဲ့သကြားတွေကို ဖြတ်တောက်ပစ်မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် အစားသောက်တွေ ဝယ်တဲ့အခါ ပါဝင်တဲ့ အာဟာရညွှန်းကိန်း ပမာဏတွေရေးထားတဲ့ လေဘယ်လ်တွေကို သေချာဖတ်ကြည့်ဖို့တော့လိုအပ်တာဖြစ်ပါတယ်...။
Source ဒေါက်တာစိမ့်စမ်းဖြူ
Photo Credit pngtree
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။