အရက်အလွန်အကျွံသောက်တာအပြင် အဝလွန်တာ၊ သွေးတွင်းအဆီများတာ၊ ဆီးချိုရောဂါ၊ မျိုးရိုးဗီဇ၊ ကိုယ်အလေးချိန် ဗြုန်းစားကြီးလျော့ချတာနဲ့ အက်စပရင်၊ စတီးရွိုက်၊ "Tamoxifen"၊ "Tetracycline" တို့လိုဆေးတွေ သောက်နေရတာကြောင့်လည်း အသည်းအဆီဖုံးကြတာဖြစ်ပါတယ်...။ အသည်းအဆီဖုံးတာဟာ အဓိကအနေနဲ့ အရက်ကြောင့်ဖြစ်တဲ့ အသည်းအဆီဖုံးခြင်းနဲ့ အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးခြင်းဆိုပြီး နှစ်မျိုးနှစ်စားရှိပါတယ်...။ "အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးခြင်း" ဆိုသည်မှာ အသည်းရဲ့ဆဲလ်တွေက အဆီတွေကို မခြေဖျတ်နိုင်တော့တဲ့အခါ အသည်းမှာ စုပုံလာပါတယ်...။ အသည်းရဲ့ ၁၀ ရာခိုင်နှုန်းလောက်က အဆီတွေဖြစ်နေပြီဆိုရင် အသည်းအဆီဖုံးနေတယ်လို့ သတ်မှတ်ရမှာဖြစ်ပါတယ်...။

Photo Credit pngtree

"အရက်ကြောင့်ဖြစ်တဲ့ အသည်းအဆီဖုံးခြင်း" ဆိုတာကတော့ အရက်ကြောင့်ဖြစ်ရတဲ့ အသည်းရောဂါတွေထဲမှာမှ အစောဆုံးလက္ခဏာတစ်ရပ်ဖြစ်ပါတယ်...။ အရက်တွေအများကြီးသောက်တာကြောင့် အသည်းကို ထိခိုက်လာပြီး အသည်းဆဲလ်တွေက အဆီတွေကို မခြေဖျတ်နိုင်တဲ့အခါမှာတော့ အသည်းအဆီဖုံးရတော့တာပဲဖြစ်ပါတယ်...။ အရက်သောက်တာကို ရပ်လိုက်ရင် ၆ပတ် အတွင်းမှာပဲ အဆီတွေ ပြန်ပျောက်ကွယ်သွားတယ်ဆိုပေမယ့် အရက်ကို အလွန်အကျွံဆက်သောက်မယ်ဆိုရင်တော့ အသည်းခြောက်တဲ့ရောဂါပါ ခံစားရနိုင်ပါတယ်...။ ရောဂါလက္ခဏာ တွေကတော့ အသည်းအဆီဖုံးတာက လက္ခဏာ သိပ်ပြလေ့မရှိပါဘူး....။ အစပိုင်းမှာ နေရတာ ပင်ပန်းသလိုလို ဗိုက်ထဲ မအီမသာဖြစ်သလိုလိုလောက်ပဲ ခံစားရလေ့ရှိပါတယ်...။ ဆရာဝန်စမ်းသပ်ကြည့်တော့မှသာ အသည်းကြီးနေတယ်ဆိုတာ သိရတာမျိုးဖြစ်ပါတယ်...။

Photo Credit pngtree

အသည်းမှာ အဆီတွေစုလာတဲ့အခါ အသည်းရောင်ရမ်းလာပြီး အစားသောက်ပျက်တာ၊ ကိုယ်အလေးချိန်ကျတာ၊ ဗိုက်အောင့်တာ၊ အားနည်းတာ၊ မောပန်းတာ၊ အာရုံရှုပ်ထွေးတာတွေ တဖြည်းဖြည်း ခံစားလာရတာဖြစ်ပါတယ်...။ အသည်းအဆီဖုံးတာ တဖြည်းဖြည်းဆိုးလာတဲ့အခါ အသည်းခြောက်လာပြီး အသည်းပျက်တဲ့အထိ ဖြစ်လာနိုင်ပါတယ်...။ ဒီလိုအခြေနေထိရောက်လာပြီဆိုရင်တော့ ဝမ်းဗိုက်ထဲမှာ အရည်တွေ အများကြီးစုလာပြီး ပူဖောင်းလာပါတော့တယ်...။ မျက်လုံးတွေရော၊ အသားတွေရော ဝါလာပြီး၊ သွေးထွက်သံယို ဖြစ်ဖို့လွယ်ကူလာပါတယ်...။ အမျိုးသမီးတွေ ကိုယ်ဝန်ရှိလာတဲ့အခါမှာလည်း ယာယီအားဖြင့် အသည်းအဆီဖုံးတတ်ပါတယ်...။ စိုးရိမ်ရတယ်ဆိုပေမယ့် မွေးပြီးရင်တော့ ပြန်ကောင်းသွားမှာဖြစ်ပါတယ်...။

Source ဒေါက်တာစိမ့်စမ်းဖြူ

Photo Credit pngtree 

Photo Credit For Your Health For Your Beauty facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။