Miss Universe Myanmar 2017 ကို ကျင်းပသွားတဲ့အခါမှာ ဇွန်သံစဉ် အနိုင်ရမှုနှင့်ပတ်သက်ပြီးဝေဖန်မှုတော်ပေါ်ထွက်ပြီးနောက်ပိုင်း မေးခွန်းမေးတဲ့ အခါအဖြေတွေကြိုပေးတာတဲ့ ဟာနှင့်ပတ်သက်ပြီးအဖြစ်မှန်တွေပေါ်ထွက်လာတဲ့အခါမှာတော့....

ဖေ့ဘွတ်မှာ မြန်မာနိုင်ငံက အလှမယ်တွေ နှင့် ပတ်သက်ပြီး အဖြစ်မှန်တွေ အတင်းတွေ တင်လေ့ရှိတဲ့ Beauty Pageants of Amazing Myanmar ကတော့ Top 5 ဝင်ရင်ဖြေရန်အတွက် အဖြေတွေကြိုတင်ပေးထားတာနှင့်ပတ်သက်ပြီး ယခုလိုတင်ခဲ့ပါတယ်။

'နင်တို့က ဘာတွေလား အံ့ဩမိတယ် ဆွံ့အမိတယ် မူးမေ့လဲသွားသည် ? ???

Miss Universe Myanmar 2017 ပြိုင်ပွဲဝင် အလှမယ်လေးတွေကို မေးခွန်း ၁ရခု ကြိုပေးထားတယ်လို့ သိရပါတယ် Top5ဝင်ရင် ဖြေနိုင်ဖို့ပေါ့

၁ချို့ မေးခွန်းတွေဆို အဖြေလေးတွေတောင် အဆင်သင့် ရေးပေးထားလိုက်သေးတယ် ? Top3မှာ ရွှေအိမ်စည်ရဲ့ မေးခွန်းကလွဲလို့ ဇွန်သံစဉ် စပ်ဂျာဒင်ကိုင် ၂ယောက်လုံးရဲ့ မေးခွန်းက အစကတည်းက စာစီစာရိုက် လုပ်ထားပြီးသား!!!

ဇွန်သံစဉ်ရဲ့ အဖြေက ထားပါတော့ အလွတ်ကျက်ကျက် အလက်ကျွတ်ကျွတ် ရှေးပဝေသတီ ၁၉ရာစုကတည်းက ဖြေလာကြတဲ့ ဒိတ်အောက်နေတဲ့ အဖြေမို့လို့ ရင်ကို မခုန်တာ စပ်ဂျာဒင်ကိုင်ရဲ့ အဖြေလေးကိုတော့ အစက ချီးကျူးလိုက်ရတာ အခုတော့ အဟင်း ? ၂ယောက်လုံး စာရွက်ပေါ်မှာ ရေးထားတဲ့ Pointsတွေပဲ ဖြေသွားကြတယ်နော် နည်းနည်းပါးပါးတောင် Pointအသစ်လေး ဘာလေး ဖြည့်မစွက်ဘူး

ဒီလို မေးခွန်းနှင့်အဖြေ ကြိုရရင်လည်း Winnerဖြစ်မဲ့သူ ၁ယောက်အနေနဲ့ အတွေးသစ် အမြင်သစ်နဲ့ အဖြေသစ်လေး ဘာလေး စီစဉ်ထားပေါ့ ? နိုင်ငံတကာ စင်မြင့်ထက်မှာဆိုရင် Copy Catကို မြင်ချင်တာ မဟုတ်ဘူး New Tasteကို ခံစားချင်ကြတာပါ

အေး မေးခွန်း ၁ရခု ပေးထားတယ် မဲနှိုက်ဖြေရတာပဲလေလို့ စောဒက လာမတက်နဲ့ စင်ပေါ်မှာ အဲ့ဒီ စာအိတ်တွေထဲက မေးခွန်းတွေကို Presenters ၂ယောက်က လွဲလို့ ဘယ်သူမှ မြင်တာ မဟုတ်ဘူး ယုတ်စွအဆုံး အလှမယ်Aက ဘယ်စာအိတ်ကျကျ ဒီမေးခွန်းပဲ မေးနော် အလှမယ်Bက ဘယ်စာအိတ်ကျကျ ဒီမေးခွန်းပဲ မေးနော်ဆိုပြီး Presentersတွေနဲ့ ကြိုတင် ဇာတ်တိုက်ထားတာလား ဘာလား ဘယ်သူသိနိုင်မှာမလဲ??? ပြောလို့ မရဘူးလေ

ရွှေအိမ်စည့်ခမျာ အဖြေမပေးထားတဲ့ မေးခွန်းကို ဖြေရတယ် စကာအပိုအချို့ ပါနေပေမဲ့ အသံတုန်နေပေမဲ့ နောက်ဆုံး ပါးပါးနပ်နပ်နဲ့ လည်လည်ဝယ်ဝယ် ဖြေသွားနိုင်တယ် သူ့လို အဖြေမျိုးကမှ ကြားနေကျ အဖြေမျိုး မဟုတ်ဘဲ ဒိတ်မအောက်တဲ့ New Tasteပါ

ဒါတောင် ရွှေအိမ်စည်က မဟုတ်မခံ ပွင့်ပွင့်လင်းလင်း နိုင်ငံခြားမှာ နေလာတဲ့ ဒိတ်ဒိတ်ကျဲမို့ နှိမ်လို့လည်း မဖြစ် လုပ်ကြံလို့လည်း မကောင်းတော့ မသက်သာတဲ့အဆုံး အားနာပါးနာနဲ့ သူ့ကို 1st runner-up (MGM)ဆု ပေးလိုက်ရတဲ့ ပုံပဲ ?

ဘာပဲပြောပြော ဘယ်လိုပဲဖြစ်ဖြစ် ရွှေအိမ်စည်ဟာ မြန်မာ ပြည်သူလူထုအတွက်တော့ အငြင်းပွားဖွယ်ရာ မရှိတဲ့ The Real Winnerပါပဲ မကျေနပ်ရင် လဲသေကြ!!! :P

ဇွန်သံစဉ်ကို အရည်အချင်းမရှိဘူး မတော်ဘူး မပြောဘူး ရှိတယ် တော်တယ် ဒါပေမဲ့ Miss Universe Myanmar ၁ယောက်အနေနဲ့တော့ တာ့တာပဲ ဖြစ်သင့်လား မဖြစ်သင့်လား ဦးနှောက်ရှိရင် သိတယ် Miss Universeဆိုတာကို မနေ့တနေ့ကမှ ကြည့်ဖူးပြီး ဘာလာလာ "အဟင်း ကောင်းတယ် မောင်" လုပ်နေတဲ့အထဲ ငါမပါဘူး!!!

နင်တို့တွေ ကြပ်ကြပ် သတိထား

မြန်မာနိုင်ငံမှာ လုပ်ချင်တိုင်း လုပ်လို့ ရမယ် မထင်နဲ့

ငါ ရှိတယ်!!!

ခေး ဘာမှ မသိဘူဆင့် ?

သွားလိုက်ပါဦးမယ်

ရင်ထဲပေါ့သွားပြီ အိုခီ

#BPAM #Beauty_Pageants #MUM' ဟူ၍ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း ရွှေအိမ်စည်ဘက်က အပြည့်ရှိနေကြပြီး ထိုပို့စ်ရဲ့ အောက်တွင်လည်း ယခုလိုမျိုး comment တွေပေးခဲ့ကြပါတယ်။

ထိုကဲ့သို့ မမျှမတပြုလုပ်တာ ဟာ ပြိုင်ပွဲဝင်တွေ အတွက်တရားမျှတပါသလား? အနိုင်ရရှိတဲ့သူတွေကရော အရည်အချင်းပြည့်ဝပါရဲ့လား? ဒီလိုမျိုးအဖြစ်အပျက်တွေ အမြဲပြည့်နှက်နေတဲ့ မယ်တွေရဲ့ လုပ်ပွဲတွေတော့ ရင်လေးမိပါတယ်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။