လူတွေဟာ ရေလိုအပ်ပါတယ်။ ရေရှိမှလည်း အသက်ရှင်မှာမဟုတ်လား။ ရေကြောင်းအသက်ဆက်နေရတဲ့ ဒီလူတွေဟာ ရေကြောင်းလည်း သေဆုံးရတာရှိပါတယ်။ခုပြောပြပေးမှာကတော့ ရေ ကိုသောက်တဲ့ အခါ ဘယ်လိုမျိုးသောက်သုံးရမယ် ဘယ်အချိန်မှာ ဘယ်လိုနည်းနဲ့ သောက်သုံးရမလဲ ဆိုတာကို စာဖတ်ပရိသတ် တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ သတိထားရမှာကတော့ အားကစားသမားတွေ အပြင်ထန်အလုပ်လုပ်တဲ့ လူတွေ ပိုသတိထားရမှာဖြစ်ပါတယ်။ အပြင်အထန် ကိုယ်လက်လှုပ်ရှားပြီး ရေကို အငမ်းမရ သောက်သုံးခြင်းဟာ အသက်အန္တရယ်ကို ထိခိုက်စေနိုင်ပါတယ်။ဘယ်သူမဆို ကိုယ်လက်လှုပ်ရှားပြီး အရမ်းရေဆာနေတဲ့ အချိန်မှာ ရေကို အငမ်းမရ သောက်တတ်ကြပါတယ်။ ဒီလိုလုပ်တာဟာ အရမ်းကို မှားယွင်းစေပါတယ်။ 

ဘယ်အချိန်ပဲ ဖြစ်ဖြစ် ရေကို ဖြည်းဖြည်း သောက်ရမှအဆင်ပြေစေမှာပါ။ နောက်တစ်မျိုးကတော့ အစာမစားမီ ရေသောက်ခြင်းက ကောင်းတဲ့အလေ့အထ တစ်ခုဖြစ်ပါတယ်။ အစာစားပြီး ရေသောက်ခြင်းကို ရှောင်ကြည်ပေးပါ။ ချက်ချင်း ရေသောက်ခြင်းကို မလုပ်ပါနဲ့။ပြီးတော့ ရေခဲရေသောက်ခြင်းကို ရှောင်ကြည်ပေးပါ။ ရေခဲရေဟာ အဝလွန်မှုကို အားပေးပြီး အပြင်မှာအေးခဲနေပေမဲ့ ခန္ဓာကိုယ်အတွက်ကတော့ ကိုယ်တွင်းအပူချိန်ကို မြင့်တက်စေပါတယ်။ အိပ်ယာမဝင်ခင် ရေတစ်ခွက်သာက်ပေးခြင်းကလည်း သွေးလည်ပတ်မှုကောင်းစေပြီး အိပ်ပျော်စေပါတယ်။

source Youtube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။