ပရိသတ်ကြီးကို ဒီတစ်ပါတင်ဆက်ပေးမှာကတော့ "သာယာတဲ့အိမ်ထောင်ရေးရရှိအောင်" ဘာတွေလုပ်ရမလဲဆိုတာပဲဖြစ်ပါတယ်...။ အဓိက ကတော့ အိမ်ထောင်ရေးတစ်ခုခိုင်မြဲအောင် အမျိုးသားရဲ့ ပျော်ရွှင်မှုထက်၊ အမျိုးသမီးရဲ့ ပျော်ရွှင်မှုကပိုပြီးဦးစားပေးရမှာဖြစ်ပါတယ်...။ အမေရိကန်နိုင်ငံမှာ နေထိုင်ကြတဲ့ ချစ်သူစုံတွဲတွေ၊ လင်မယားတွေကို စစ်တမ်းကောက်ကြည့်တဲ့အခါမှာတော့ ၄၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းလောက်က ရေရှည်မတည်မြဲဘဲ ကွာရှင်းပြတ်စဲကုန်ကြတာဖြစ်ပါတယ်...။ အကြောင်းကတော့ ချစ်သူကောင်မလေး၊ ဒါမှမဟုတ် ဇနီးသည်ရဲ့ ပျော်ရွှင်မှုကိုလစ်လျူရှုထားလို့ပဲဖြစ်ပါတယ်....။

အမျိုးသမီးတွေအနေနဲ့လည်း အိမ်ထောင်ကျပြီးတဲ့အခါမှာ သာယာတဲ့ မိသားစုဘဝလေးပိုင်ဆိုင်နိုင်အောင် ပျော်ရွှင်စွာနဲ့တည်ဆောက်ကြရမှာဖြစ်ပါတယ်...။ တစ်ချို့အမျိုးသားတွေက ချစ်သူ၊ ရည်းစားဖြစ်တဲ့ကာလမှာတော့ စိတ်အလိုကျထားခဲ့ပေမယ့် အိမ်ထောင်ကျပြီး ကလေးတွေပါတွေရ၊ အသက်ကြီးရင့်လာတဲ့အခါမှာ ငြိုငြင်လာတာမျိုးတွေရှိပြီး စိတ်ချမ်းသာမှုအပြည့်အဝမပေးနိုင်တာမျိုးတွေရှိပါတယ်...။ ဒီအချက်ကို အမျိုးသားတွေဘက်ကနေ အထူးဂရုပြုပြီး အိမ်ထောင်ကျပြီးနောက်ပိုင်းပို၍ပင် မိမိရဲ့ ဇနီးသည် ပျော်ရွှင်မှုကို အလေးထားရမှာဖြစ်ပါတယ်...။

Professor "Paul Dolan" ဆိုသူက သူရဲ့စာအုပ်တွင်ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်....။ သာယာတဲ့အိမ်ထောင်တစ်ခုမှာ အမျိုးသားကော၊ အမျိုးသမီးကော မျှတတဲ့ ပျော်ရွှင်မှုကို နားလည်မှုရှိရှိနဲ့ ပေးဆပ်ကြရမှာဖြစ်ပါတယ်...။ Myanmarload ပရိသတ်ကြီးအတွက် သာယာတဲ့ မိသားစုဘဝလေးပိုင်ဆိုင်နိုင်အောင် ဗဟုသုတဖြစ်ဖွယ် တင်ဆက်လိုက်တာဖြစ်ပြီး...ချစ်သူစုံတွဲတိုင်း ရိုးမြေကျပေါင်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်....။

Source Bright Side 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။