Charm စီးရီးအဖွဲ့သားတွေက အခုလောလောဆယ်မှာ ငွေဆောင်ကိုရောက်နေပါတယ်။ ထိုရုပ်ရှင်အတွဲထဲမှာ ခေါင်းဆောင်မင်းသားအနေဖြင့် သရုပ်ဆောင်ထားတဲ့ဘန်နီဖြိုးဟာ ငွေဆောင်က ဟိုတယ်မှာတည်းနေရင်းနှင့်သရဲအခြောက်ခံလိုက်ရပါတယ်။

ပရိသတ်တွေ သူဘာလုပ်နေသလဲဆိုတာသိရအောင် ဘန်နီဖြိုးဟာ သူ့ရဲ့လူမှုအကောင့်မှာ အမြဲ live တင်လျက်ရှိပါတယ်။ မနေ့ညက တင်ခဲ့တဲ့ ဗီဒီယိုမှာတော့ သူဟာ ဟော်တယ်ထဲမှာ တစ်ယောက်တည်းရှိနေတဲ့ အတွက်ပျင်းလို့ Live လွှင့်တယ်လို့ပြောပြီးနောက် သူ့ အခန်းတံခါးကို အမြဲတမ်း တဒုန်းဒုန်း လာလာထုနေကြောင်း ပရိသတ်တွေကိုပြောပြပါတယ်။ သူဟာ သရဲမကြောက်ဘူးလို့ပြောသော်ငြားလဲ သာမန်လူတစ်ယောက်အတွက်တော့ ညစဉ်ညတိုင်း မိမိရဲ့ တံခါးက တဒုန်းဒုန်းမြည်နေရင်တော့ သွေးပျက်မိမှာ အသေအချာပါဘဲ။

ကယ်သင်ဆိုရင်ရော ဒီလိုအဖြစ်အပျက်မျိုးနှင့်ကြုံရရင် အဲ့ဒီဟော်တယ်မှာ ဆက်နေနိုင်ပါ့မလား?

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။