ကလေးငယ်ကို ကယ်တင်ဖို့ အချိန်အတော်ကြာယူခဲ့ရပြီး နောက်ဆုံး ကယ်နိုင်ခဲ့တဲ့ အချိန်မှာတော့ ကလေးငယ် အသက်ရှင်သလားမသိခဲ့ရပဲ ကယ်ဆယ်ခဲ့သူက လက်မှာကလေးငယ်ကို ပွေ့ချီလှုပ်နိုးတော့မှ ကလေးငယ်ဆီက ငိုသံလေးထွက်လာခဲ့ပါတယ်။ ကယ်ဆယ်နိုင်ခဲ့သူအမျိုးသားက မျက်ရည်တွေ တွင်တွင်ကျနေခဲ့ပြီး ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်လို့ ထပ်ခါထပ်ခါ ပြောနေခဲ့ပါတယ်။
ပြည်တွင်းစစ်တွေ ခဏခဏဖြစ်နေတဲ့ ဆီးရီးယားမှာ ပြည်သူအများစုဟာ အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးပြီး မိသားစုနဲ့ ဝေးကွာခဲ့ရတာမျိုးတွေ ခဏခဏကြုံတွေ့ရပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေဖြစ်အပြီးမှာ အပျက်အစီးတွေကြားမှာပိတ်မိနေတဲ့ မိခင်နဲ့အတူ တစ်လသားအရွယ် ကလေးငယ်ကို ဆီးရီးယားမှ ကာ်ဆယ်ရေးဝန်ထမ်းတွေက ရှာဖွေတွေ့ရှိခဲ့တာပါ။ ကလေးငယ်ကို ဆေးရုံပို့ပြီးနောက် ဒဏ်ရာအနာတရမရှိဘူးဆိုတာ ပြောကြားခဲ့ပါတယ်။
ကယ်ဆယ်သူဝန်ထမ်းက ကလေးငယ်ကို သမီးရင်းလို့ ခံစားခဲ့ရပြီး ဆေးရုံသွားတဲ့တောက်လျှောက် ကလေးအနားမှာရှိနေပေးခဲ့ပါတယ်။
Source : inspiremore
Translated by Alexa
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။