လူတွေနဲ့ တိရစ္ဆာန်တွေဟာ အရင်နှီးဆုံး မိတ်ဆွေတွေပါ ။ ဒါပေမဲ့ ကူးစက်လာနိုင်မယ့် ရောဂါတွေကိုတော့ ကာကွယ်ထားသင့်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီး WHO ကတော့Zoonosis ဆိုတဲ့ အဓိပ္ပယ်ကို ကျောရိုးရှိသတ္တဝါတွေမှလူသားတို့ အကြားသဘာဝအလျောက် ရောဂါပိုးများ ကူးစက်ခြင်း ဆိုပြီး ဖော်ပြ ထားပါတယ်။ 

တိရစ္ဆာန်တွေကနေ လူတွေဆီကိုကူးစက်နိုင်တဲ့ နည်းလမ်းတွေကတော့ - အသက်ရှုလမ်းကြောင်းမှ ကူးစက်ခြင်း၊ သွေး၊တံတွေးမှတစ်ဆင့်ကူးစက်ခြင်း၊ ဆီးဝမ်းများမှ ကူးစက်ခြင်း၊ အစားအစာနှင့် ရေများမှ ကူးစက်ခြင်း၊ အစာလမ်းကြောင်းမှ ကူးစက်ခြင်း၊ ခန္ဓာကိုယ်နှင့် ထိတွေ့မိခြင်းကြောင့် ကူးစက်ခြင်း၊ ကပ်ပါး ကောင်းများမှ ကူးစက်ခြင်း၊ လှေး၊ ခြင်၊ သန်း၊မွှား)၊ကုတ်ခြစ်မိရာမှ ကူးစက်ခြင်း၊ အရေပြားအမွေးအမျှင်များမှ ကူးစက်ခြင်း၊ ပွန်းပဲစုတ်ပြတ်နေတဲ့ အနာများမှတစ်ဆင့်လည်း ကူးစက်တတ်ကြပါတယ်။ 

ခုခေတ်အနေထားအရ ပိုးသတ်ထားခြင်းမရှိတဲ့ နွားနို့တွေသောက်သုံးခြင်း၊ မကျက်တကျက်ချက်ထားသော အသား (သို့) အသားစိမ်းကိုစားသုံးခြင်း၊ စနစ်တကျသိမ်းဆည်းထားခြင်းမရှိသော ကြက်အူးချောင်း၊ ဝက်အူ ချောင်းများကို စားသုံးခြင်းဖြင့် ရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်။zoonosis ရောဂါပိုးကြောင့် ဝမ်းပျက်ခြင်း၊ ဝမ်းလျောခြင်း၊ ဗိုက်နာခြင်း၊ ဗိုက်အောင့်ခြင်း၊ တို့ဖြစ်လာတတ်ကြပါတယ်။ တိရစ္ဆာန်တွေကို လက်နဲ့ကိုင်ပြီးရင် လက်ကိုဆပ်ပြာဖြင့်ဆေးပေးပါ။ တတ်နိုင်ရင် လုံးဝမကိုင်မိပါစေနဲ့။ 

source : MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။